သင့်ရဲ့ စမတ်ဖုန်းက Battery ပါဝင်မှုများတယ်၊ Battery ခံတယ်ဆိုရင်တောင် Battery Capacity အနေနဲ့ 4000mAh Battery ဝန်းကျင်ပဲ ပါတာများပါတယ်။ ဒါပေမယ့် အခု Blackview ကုမ္ပဏီကနေ ထုတ်လိုက်တဲ့ Blackview P10000 Pro စမတ်ဖုန်းကတော့ လက်ရှိ ဘယ်စမတ်ဖုန်းမှာမှ ပါဝင်ခြင်းမရှိသေးတဲ့ Battery ပမာဏနဲ့ ပွဲထွက်လာတာပါ။

ဘာဖြစ်လို့လဲဆိုရင် Blackview P10000 Pro စမတ်ဖုန်းမှာ ကြီးမားတဲ့ 11000mAh Battery ပါဝင်လို့ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ၁ ပတ်တိတိ အားပြန်သွင်းစရာမလိုပဲ အသုံးပြုနိုင်သလို Standby ထားမယ်ဆိုရင်လည်း ရက် ၅၀ အထိ အထားခံမှာပဲဖြစ်ပါတယ်။

အခုလိုမျိုး ကြီးမားတဲ့ Battery ကြောင့် အားသွင်းချိန်ကြာမှာပဲလို့ မေးစရာရှိပါတယ်။ Blackview ရဲ့ ပြောကြားချက်အရတော့ Fast Charging စနစ်ကိုပါ ထည့်သွင်းထားတဲ့အတွက် 0% ကနေ အားအပြည့်ပြန်သွင်းဖို့ကိုတောင် ၂ နာရီခွဲပဲ ကြာမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့လည်း Blackview P10000 Pro ဖုန်းက 5.99″ 18:9 Ratio 2160×1080 Pixel Resolution ရှိတဲ့ Screen ပါဝင်ပြီးတော့ Huawei P23 Processor ၊ RAM 4GB နဲ့ Storage 64GB ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့လည်း ၄ လုံးပါဝင်မှာဖြစ်ပြီးတော့ 13MP + 16MP Camera တွေတပ်ဆင်ထားမယ်လို့ သိရပါတယ်။

အခုလိုမျိုး ကြီးမားတဲ့ Battery နဲ့ စွမ်းဆောင်ရည်ကောင်းမွန်ပေမယ့်လည်း ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်ပဲရှိမှာဖြစ်ပြီး Aliexpress ကနေ မှာယူနိုင်မှာဖြစ်ပါတယ်။