Bloomberg News က Huawei ဟာ တရုတ် အစိုးရရဲ့ အကူအညီနဲ့ Chip ထုတ်လုပ်နိုင်တဲ့ ကွန်ရက် တစ်ခုကို တည်ဆောက်နေတယ်လို့ ပြောပါတယ်။ ရှန်ဇန်မှ အစိုးရ ရင်းနှီးမြှပ်နှံမှု ရန်ပုံငွေတွေနဲ့ Huawei ကို ပညာရှင်တွေ၊ Chip ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ၊ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သူတွေနဲ့ ချိတ်ဆက်နိုင်အောင် ကူညီနေပါတယ်။

China-Australia dispute: Huawei documents reveal Beijing's grievances against Australia

တရုတ် အစိုးရရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေက Huawei ကို ကမ္ဘာ့ ထိပ်တန်း Chip ထုတ်လုပ်သူဖြစ်အောင် ကူညီဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းအရင်းအမြစ် ၂ ခုက ပြောပါတယ်။ တရုတ် အစိုးရဟာ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူး Gina Raimondo တရုတ်ကို လာရောက်တာကို တုန့်ပြန်တဲ့ အနေနဲ့ Mate 60 ကို စီစဉ်ထားတာထက် စောစွာ ရောင်းချဖို့ Huawei ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

Huawei Mate 60 စမတ်ဖုန်းမှာ တရုတ် ထုတ် 7nm Chipset Kirin 9000S ထည့်သွင်းထားပါတယ်။ Huawei ရဲ့ တာဝန်ရှိသူတွေကို အဲဒီ Chip အကြောင်း မီဒီယာတွေက မေးမြန်းခဲ့ပေမယ့် သူတို့က မပြောခဲ့ပါဘူး။ အတွင်းသတင်းအရ အဲဒီ 7nm Chipset ကို SMIC က ဖန်တီးထားတာ ဖြစ်ပြီး တရုတ်ဟာ လက်ရှိ အဆင့်အမြင့်ဆုံး နည်းပညာထက် ၅ နှစ်လောက် နောက်ကျနေပါတယ်။

China's Huawei poised to overcome US ban with return of 5G phones, research firms say | Reuters

အမေရိကန်ရဲ့ ပြည်ပ တင်ပို့မှု ထိန်းချုပ်ကန့်သတ်ထားတာရဲ့ ရည်ရွယ်ချက်က တရုတ်ကို အနည်းဆုံး ၈ နှစ်လောက် နောက်ကျစေချင်တာပါ။ Huawei နဲ့ တရုတ်က Chip လုပ်ငန်း တစ်ခုလုံးကို အမေရိကန်က ပစ်မှတ်ထားရတဲ့ အကြောင်းအရင်းက တရုတ် ကုမ္ပဏီတွေ ဝယ်ယူတဲ့ အမေရိကန်ရဲ့ နည်းပညာတွေကို AI နဲ့ ထိန်းချုပ်တဲ့ ဒရုန်းတွေ၊ Code တွေ ချိုးဖျက်နိုင်တဲ့ စူပါ ကွန်ပြူတာတွေနဲ့ ထောက်လှမ်းရေးတွေမှာ သုံးဖို့ 9000S လို Chip တွေမှာ ထည့်သွင်းမှာ စိုးရိမ်လို့ပါ။

လေ့လာဆန်းစစ်သူတွေက တရုတ် အစိုးရဟာ ဒေါ်လာ ၃၀ ဘီလီယမ်တန် Chip ထုတ်လုပ်တဲ့ စက်ရုံကို တည်ဆောက်ပေးနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဝင်ငွေခွန် မယူတာ၊ မြေနေရာ ပေးတာနဲ့ ဝန်ထမ်းတွေအတွက် နေစရာ အဆောက်အဦးတွေ တည်ဆောက်ပေးတာတို့ကိုပါ ပြုလုပ်ပေးနေပါတယ်။ တရုတ် အစိုးရဟာ အမေရိကန်နဲ့ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နည်းပညာတွေကို ပြည်တွင်းမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်အောင်ကြိုးစားနေပါတယ်။

Ref : gsmarena