တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ BLU ဟာ မြန်မာနိုင်ငံမှာတော့ သိရှိသူနည်းပါးနေသေးပေမယ့် ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့် စမတ်ဖုန်းတွေကိုထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာလည်း BLU ကုမ္ပဏီကနေ စွမ်းဆောင်ရည်ကောင်းမွန်ပြီး Battery ပမာဏ 5000mAh ပါဝင်တဲ့ BLU Life One X3 စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ ပါဝင်တဲ့ Features တွေ စုံလင်သလို စွမ်းဆောင်ရည်ပိုင်းလည်း မနိမ့်ဘူးလို့ ပြောလို့ရပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၄၉ ဒေါ်လာပဲကျသင့်မှာဖြစ်ပါတယ်။

အဆိုပါ ဒေါ်လာ ၁၄၉ တန် BLU Life One X3 ဖုန်းမှာ

5.5-inch Full HD (1920 x 1080) Display

MediaTek MT6753 SoC

3GB RAM

32GB Storage (Expandable up to 64GB)

13MP Front Camera

13MP Rear Camera

5,000mAh Battery

စတဲ့ အချက်အလက်တွေအပြည့်အစုံပါဝင်မှာဖြစ်ပါတယ်။ အခုလိုမျိုး ဈေးနှုန်းသက်သာတဲ့ BLU Life One X3 စမတ်ဖုန်းကို Amazon ကနေ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။