တက္ကဆပ်မှ အမျိုးသား ၁ ယောက်ဟာ သူ့ရဲ့ Bored Ape NFT ကို ၂၆ ဒေါ်လာ ဝန်းကျင်နဲ့ညီမျှတဲ့ 0.01 ETH နဲ့ မှားယွင်းပြီး ရောင်းချခဲ့ဖူးပါတယ်။ အခုတော့ သူက OpenSea ကို တရားစွဲလိုက်ပါတယ်။ သူက OpenSea ဟာ NFT တွေကို ဟက်ကာတွေက မတန်တဆ ဈေးနှိမ်ကာ ဝယ်ယူနိုင်တဲ့ Bug ၁ ခုအကြောင်းကို သိရှိထားပေမယ့် အဲဒီ Bug ကို မပြင်ဆင်ပေးဘူးလို့ စွပ်စွဲထားပါတယ်။

Part of the Bored Ape Yacht Club series of NFTs. Image: BAYC.

Timothy McKimmy ဆိုသူက တရားစွဲလိုက်တာ ဖြစ်ပြီး သူက Bored Ape Yacht Club လို့ ခေါ်တဲ့ NFT Set ၁ ခု ဖြစ်တဲ့ Bored Ape #3475 ရဲ့ တကယ့်ပိုင်ရှင်ဟာ သူပါလို့ ပြောပါတယ်။ သူရဲ့ Bored Ape ကို ရောင်းချဖို့ စာရင်း မတင်ထားဘဲ ခိုးယူခံလိုက်ရတာလို့ ပြောပါတယ်။ ဝယ်ယူထားသူဟာ ဒေါ်လာ ၂၅၀,၀၀၀ တန်ကြေးရှိ 99 ETH နဲ့ ချက်ချင်း ပြန်လည်ရောင်းချခဲ့တယ်လို့ သူက ပြောပါတယ်။

Bored Ape Yacht Club NFTs: Everything you need to know - CNET

Timothy McKimmy က အဲဒီ Bored Ape ကို ပြန်လည် ရယူချင်နေပြီး မရတော့ရင် OpenSea ဆီကနေ နစ်နာကြေး ဒေါ်လာ ၁ သန်း တောင်းဆိုထားပါတယ်။ သူက OpenSea ဟာ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေတဲ့ အဲဒီ Bug အကြောင်း သိထားပေမယ့် အကျိုးအမြတ်ကြောင့် အရောင်းအဝယ်ပြုလုပ်တာကို မပိတ်ပင်ခဲ့ဘူးလို့ ပြောပါတယ်။

McKimmy က ဒီပြဿနာကို ဖြေရှင်းဖို့ OpenSea နဲ့ ထပ်တလဲလဲ ဆွေးနွေးခဲ့ပေမယ့် ကုမ္ပဏီက စုံစမ်းစစ်ဆေးနေတယ်လို့ပဲပြောကာ ဘာမှ မလုပ်ဆောင်ပေးခဲ့ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြားသူတွေကလည်း OpenSea ကို တရားစွဲဆိုလာနိုင်တဲ့ အနေအထားတွေ ရှိနေပါတယ်။ OpenSea ကတော့ McKimmy ရဲ့ တရားစွဲမှုနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။

Ref : decrypt