Bored Ape Yacht Club Discord Server ဖောက်ထွင်းခံရပြီးနောက်မှာ ရင်းနှီးမြှပ်နှံသူတွေရဲ့ အကောင့်တွေကနေ 175 ETH ကျော် ဆုံးရှုံးသွားပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း Yuga Labs အတွက် လူမှုကွန်ရက်မှာ အရောင်းမြှင့်တင်ပေးနေတဲ့ BorisVagner ရဲ့ Discord အကောင့် ဖောက်ထွင်းခံရတာ ဖြစ်ပါတယ်။ ဖောက်ထွင်းသူဟာ အဲဒီနောက်မှာ Yuga Labs Discord Server မှ BorisVagner ရဲ့ တရားဝင် အကောင့်ကနေ Phishing Link တွေကို တင်ခဲ့ပါတယ်။
စာဖတ်သူတွေ Phishing Site ကို ဝင်ရောက်ခြင်းကနေ ကာကွယ်နိုင်အောင် အဲဒီ Link ကို ပြန်လည် ပြင်ဆင်ခဲ့ကြပါတယ်။ BAYC ဟာ ဖောက်ထွင်းခံရပြီး ၉ နာရီအကြာမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
“ ကျွန်တော်တို့ရဲ့ Discord Server ဖောက်ထွင်းခံခဲ့ရပြီး လျှင်မြန်စွာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ 200 ETH တန်ကြေးရှိတဲ့ NFT တွေ ဆုံးရှုံးသွားခဲ့ပါတယ်။ ကျွန်တော်တို့ လက်ရှိမှာ စုံစမ်းစစ်ဆေးနေပြီး သင့်မှာ ထိခိုက်ဆုံးရှုံးမှုရှိရင် discord@yugalabs.io ကို အီးမေးပို့ကာ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။ “ လို့ သတိပေးချက်မှာ ရေးသားထားပါတယ်။
အဖွဲ့ဝင်တွေရဲ့ 200 ETH ဆုံးရှုံးသွားတယ်လို့ ပြောတဲ့အတွက် လက်ရှိ ပေါက်ဈေးအရ ဒေါ်လာ ၃၅၄,၀၀၀ ဝန်းကျင်လောက် တန်ကြေးရှိပါတယ်။ 1 #BAYC, 2 #MAYC, 5 #Otherdeed, 1 #BAKC အပါအဝင် NFT ၃၂ ခု ခိုးယူခံရတယ်လို့ Peckshield က ပြောပါတယ်။
Ref : cryptoslate