ဟုတ်ပါတယ်။ စာဖတ်သူ မျက်စိ မမှားပါဘူး။ ဘီယာ ကုမ္ပဏီ Heineken က ဖုန်း ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ Heineken နဲ့ တီထွင်ဖန်တီးမှု အဖွဲ့အစည်း Bodega တို့ ပူးပေါင်းပြီး Boring Phone ကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။

အဲဒီဖုန်းကို HMD က ထုတ်လုပ်ပေးထားတာပါ။ အလုံး ၅,၀၀၀ ပဲ ထုတ်လုပ်ထားတာ ဖြစ်ပြီး တချို့ကို လက်ဆောင်ပေးမှာပါ။ နာမည်အတိုင်းပဲ Boring Phone မှာ Third-party App နဲ့ အင်တာနက် မရတဲ့အတွက် ပျင်းစရာတော့ ကောင်းမှာပါ။ သဘောက သင့်ကို အနှောင့်အယှက် မပေးချင်လို့ဖြစ်ပြီး ဖုန်းပြောဖို့ပဲ သုံးစေချင်တာပါ။

Boring Phone is an HMD-made anti-smartphone

Boring Phone ဟာ Nokia 2660 Flip ဖုန်းကို အခြေခံ တည်ဆောက်ထားတာဖြစ်ပြီး ထူးခြားတာက ဖောက်ထွင်းမြင်ရတဲ့ Casing ပါလာတာပါ။ 2.8” QVGA 240x320p Main Screen နဲ့ 1.77” Cover Screen တပ်ထားပါတယ်။

အနောက်ဘက်မှာ 0.3MP ကင်မရာနဲ့ LED Flash ပါလာပြီး ဆော့ဖ်ဝဲက Mocor RTOS ဖြစ်ပါတယ်။ Snake Game ထည့်ပေးထားပြီး FM Radio နဲ့ နားကြပ်ပေါက်ပါပါတယ်။

Boring Phone is an HMD-made anti-smartphone

Boring Phone မှာ 4G ဆက်သွယ်မှု ပါလာပြီး Dual SIM ထောက်ပံ့ထားပါတယ်။ 128MB Internal Storage ထည့်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ 1,450mAh Battery က ဖုန်းပြောရင် ၆ နာရီ အသုံးခံပါတယ်။

Ref : gsmarena