Brave Browser ဟာ လက်ရှိအချိန်မှာ အသုံးပြုသူနည်းပါးနေသေးတဲ့ Web Browser တစ်ခုဖြစ်ပေမယ့် Security ပိုင်းမှာ တော်တော်လေးကောင်းမွန်တာကြောင့် လူကြိုက်များနေတာဖြစ်ပါတယ်။ အထူးသဖြင့် Website တွေကနေ Tracking လိုက်မှုတွေကို အကောင်းဆုံးတားဆီးပေးနိုင်တဲ့ Browser တစ်ခုဆိုရင်လည်း မမှားပါဘူး။

အခုလည်း Brave Browser ဟာ Web Browser ထဲမှာပဲ Cryptocurrency Wallet Feature ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါက Web Browser တွေထဲမှာ ပထမဆုံးအနေနဲ့ Cryptocurrency ကို တရားဝင် Support ပေးလာတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Brave Browser မှာ Crypto Wallet အတွက် MetaMask Wallet Extension ကိုပဲ အသုံးပြုထားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Browser မှာ Built-in ပါဝင်လာတာဖြစ်ပါတယ်။

ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ကိုယ်ပိုင် Cryptocurrency ကို Wallet အနေနဲ့ Ethereum လိုမျိုး Cryptocurrency တွေကို သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ NFT တွေကို ရောင်းချမှုတွေ၊ Coin တွေကို ရောင်းချနေတဲ့စျေးနှုန်းတွေနဲ့ တခြားသော Built-in Blockchain Feature တွေအများအပြားကို အသုံးပြုနိုင်မှာပါ။

Brave ရဲ့ တရားဝင်ပြောကြားချက်အရတော့ အခုလိုမျိုး Built-in Wallet အနေနဲ့ ထည့်သွင်းပေးလိုက်တာကြောင့် တခြားသော Wallet Extension တွေကို အသုံးပြုတာထက် CPU စားသုံးမှုနည်းပါးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Phishing Link တွေ၊ NFT တွေကို ခိုးယူတွေကိုလည်း လျော့နည်းစေမှာပါ။

လောလောဆယ်မှာတော့ Brave Browser မှာပါဝင်တဲ့ Cryptocurrency Wallet ဟာ Desktop Version မှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ iOS နဲ့ Android Version အတွက်ပါ ထုတ်ပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Ref – The Verge