Zawgyi

HMD Global ကုမၸဏီဟာ သူတုိ႔ရဲ႕ ေစ်းအခ်ဳိဆုံး Android One စမတ္ဖုန္း Nokia 2.2 ကို မိတ္ဆက္လာပါတယ္။ ဒီဖုန္းသစ္ဟာ ေခတ္သစ္စမတ္ဖုန္းေတြမွာ ပါသင့္တဲ့ Feature ေတြ အကုန္ထည့္လာၿပီး အိႏၵိယရူပီး ၆,၉၉၉ (ျမန္မာေငြ တစ္သိန္းခြဲ) ဆုိတဲ့ မက္ေလာက္စရာ ေစ်းႏႈန္းနဲ႔ ပြဲထြက္လာတာပါ။

Nokia ဖုန္းအသစ္ဟာ သင့္ေတာ္တဲ့ Display အရြယ္အစားကိုမွ လုံးဝုိင္းတဲ့ ပုိလီကာဘြန္နိတ္ဒီဇုိင္းနဲ႔ Stock ဗားရွင္းနီးပါး Android One OS ပါဝင္ပါတယ္။ ဒါ့အျပင္ မၾကာခင္ထြက္လာမယ္ Android Q ကိုလည္း ေထာက္ပံ့ေပးမယ္လို႔ ကတိေပးထားတယ္။

Nokia 2.2 ဖုန္းမွာ 5.7” လက္မအရြယ္ IPS Display တစ္ခုပါဝင္ကာ 5MP ဆယ္ဖီကင္မရာတစ္လုံး ပါဝင္တဲ့ Waterdrop Notch နဲ႔ ျဖစ္ပါတယ္။ ေနာက္မွာေတာ့ 13MP ကင္မရာတစ္လုံးထဲကို LED ဖလက္ရွ္နဲ႔ တြဲထားတယ္။ လက္ေဗြဖတ္စနစ္ (Fingerprint) မပါဝင္ေပမယ့္ Face Unlock ေတာ့ ထည့္သြင္းထားပါတယ္။

အတြင္းပိုင္းမွာ Helio A22 ခ်စ္ပ္ဆက္ကုိ 2GB သို႔မဟုတ္ 3GB RAM မန္မုိရီနဲ႔ တြဲဖက္ႏုိင္တယ္။ Storage ကေတာ့ 16GB / 32GB ႏွစ္မ်ဳိး ထြက္လာၿပီး MicroSD နဲ႔ထပ္တုိးခ်ဲ႕ႏုိင္ပါတယ္။ ဘကၳရီကလည္း ယေန႔ေခတ္ စံလို႔ေျပာရမယ့္ 3,000 mAh ပါပဲ။

ေဆာ့ဖ္ဝဲဘက္မွာေတာ့ HMD ထုတ္ကုန္အသစ္ဟာ Android One ပရုိဂရမ္ရဲ႕ အစိတ္အပုိင္းျဖစ္ၿပီး Stock ဗားရွင္းနီးပါး Android Pie ကုိအသုံးျပဳရမွာျဖစ္ပါတယ္။ Nokia 2.2 ဟာ အနည္းဆုံး Software update သုံးႏွစ္စာ ရမွာျဖစ္တာေၾကာင့္ Android Q နဲ႔ သူ႕ေနာက္ကလာမယ့္ ဗားရွင္းကို အသုံးျပဳႏုိင္မွာ ေသခ်ာပါတယ္။

Nokia 2.2 ဖုန္းဟာ Black နဲ႔ Steel ကာလာႏွစ္မ်ဳိးျဖင့္ လာမယ့္ ဇြန္လ ၁၁ ရက္ေန႔မွာ စတင္မိတ္ဆက္လာမွာပါ။ အနိမ့္ဆုံး 2 / 16GB ဗားရွင္းဟာ ရူပီး ၆,၉၉၉ (ျမန္မာေငြ တစ္သိန္းခြဲ) က်သင့္မွာျဖစ္ၿပီး ပိုျမင့္တဲ့ 3/32GB ေမာ္ဒယ္ကေတာ့ ျမန္မာေငြ တစ္သိန္းခုနစ္ေသာင္းေက်ာ္ က်သင့္မွာျဖစ္ပါတယ္။ ႏုိင္ငံတကာ ေစ်းကြက္ကို မၾကာခင္ဝင္ေရာက္လာမယ္ဆုိေပမယ့္ ထြက္ရွိရက္ကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

Unicode

HMD Global ကုမ္ပဏီဟာ သူတို့ရဲ့ ဈေးအချိုဆုံး Android One စမတ်ဖုန်း Nokia 2.2 ကို မိတ်ဆက်လာပါတယ်။ ဒီဖုန်းသစ်ဟာ ခေတ်သစ်စမတ်ဖုန်းတွေမှာ ပါသင့်တဲ့ Feature တွေ အကုန်ထည့်လာပြီး အိန္ဒိယရူပီး ၆,၉၉၉ (မြန်မာငွေ တစ်သိန်းခွဲ) ဆိုတဲ့ မက်လောက်စရာ ဈေးနှုန်းနဲ့ ပွဲထွက်လာတာပါ။

Nokia ဖုန်းအသစ်ဟာ သင့်တော်တဲ့ Display အရွယ်အစားကိုမှ လုံးဝိုင်းတဲ့ ပိုလီကာဘွန်နိတ်ဒီဇိုင်းနဲ့ Stock ဗားရှင်းနီးပါး Android One OS ပါဝင်ပါတယ်။ ဒါ့အပြင် မကြာခင်ထွက်လာမယ် Android Q ကိုလည်း ထောက်ပံ့ပေးမယ်လို့ ကတိပေးထားတယ်။

Nokia 2.2 ဖုန်းမှာ 5.7” လက်မအရွယ် IPS Display တစ်ခုပါဝင်ကာ 5MP ဆယ်ဖီကင်မရာတစ်လုံး ပါဝင်တဲ့ Waterdrop Notch နဲ့ ဖြစ်ပါတယ်။ နောက်မှာတော့ 13MP ကင်မရာတစ်လုံးထဲကို LED ဖလက်ရှ်နဲ့ တွဲထားတယ်။ လက်ဗွေဖတ်စနစ် (Fingerprint) မပါဝင်ပေမယ့် Face Unlock တော့ ထည့်သွင်းထားပါတယ်။

အတွင်းပိုင်းမှာ Helio A22 ချစ်ပ်ဆက်ကို 2GB သို့မဟုတ် 3GB RAM မန်မိုရီနဲ့ တွဲဖက်နိုင်တယ်။ Storage ကတော့ 16GB / 32GB နှစ်မျိုး ထွက်လာပြီး MicroSD နဲ့ထပ်တိုးချဲ့နိုင်ပါတယ်။ ဘက္ထရီကလည်း ယနေ့ခေတ် စံလို့ပြောရမယ့် 3,000 mAh ပါပဲ။

ဆော့ဖ်ဝဲဘက်မှာတော့ HMD ထုတ်ကုန်အသစ်ဟာ Android One ပရိုဂရမ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး Stock ဗားရှင်းနီးပါး Android Pie ကိုအသုံးပြုရမှာဖြစ်ပါတယ်။ Nokia 2.2 ဟာ အနည်းဆုံး Software update သုံးနှစ်စာ ရမှာဖြစ်တာကြောင့် Android Q နဲ့ သူ့နောက်ကလာမယ့် ဗားရှင်းကို အသုံးပြုနိုင်မှာ သေချာပါတယ်။

Nokia 2.2 ဖုန်းဟာ Black နဲ့ Steel ကာလာနှစ်မျိုးဖြင့် လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ စတင်မိတ်ဆက်လာမှာပါ။ အနိမ့်ဆုံး 2 / 16GB ဗားရှင်းဟာ ရူပီး ၆,၉၉၉ (မြန်မာငွေ တစ်သိန်းခွဲ) ကျသင့်မှာဖြစ်ပြီး ပိုမြင့်တဲ့ 3/32GB မော်ဒယ်ကတော့ မြန်မာငွေ တစ်သိန်းခုနစ်သောင်းကျော် ကျသင့်မှာဖြစ်ပါတယ်။ နိုင်ငံတကာ ဈေးကွက်ကို မကြာခင်ဝင်ရောက်လာမယ်ဆိုပေမယ့် ထွက်ရှိရက်ကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena