တရုတ် အခြေစိုက် BYD ဟာ လျှပ်စစ်ကား နယ်ပယ်မှာ Tesla ကိုတောင် စိန်ခေါ်နိုင်တဲ့ ကုမ္ပဏီ ဖြစ်လာနေပါပြီ။ အခုတော့ သုတေသန ကုမ္ပဏီ MarkLines ရဲ့ ဒေတာတွေအရ BYD ဟာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ (၁၀) ခု စာရင်းထဲ ပါဝင်လာပါတယ်။ အခုလို ထိပ်တန်း (၁၀) ခုစာရင်းထဲ BYD ပါလာတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

BYD ဟာ Mercedes-Benz Group နဲ့ BMW တို့ထက်တောင် ရောင်းအား ကောင်းသွားပြီး  ဒါဟာ ကားနယ်ပယ်မှာ လျှပ်စစ်ကားတွေရဲ့ အောင်မြင်မှုကို ပြသနေပါတယ်။ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ (၁၀) ခု စာရင်းမှာ ဂျပန်ရဲ့ Suzuki Motor ရဲ့ နောက်မှာ BYD က နံပါတ် ၁၀ ရထားပါတယ်။

အရင်နှစ်မှာ ရောင်းအားအကောင်းဆုံး ကားကုမ္ပဏီ စာရင်းမှာ နံပါတ် ၁၆ ရခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထိပ်ဆုံး ၂၀ စာရင်းထဲတောင် မပါခဲ့ပါဘူး။ BYD ဟာ ၂၀၂၂ ခုနှစ်မှာ လောင်စာဆီသုံး ကားတွေ ထုတ်လုပ်တာကို ရပ်နားခဲ့ပါတယ်။

BYD Atto 3 electric car 2023 review: EV test - New rival for MG ZS EV, Tesla Model 3 & Kia Niro | CarsGuide

BYD ရဲ့ တစ်ကမ္ဘာလုံး ကားရောင်းအားဟာ ၉၆ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ ကားအစီးရေ ၁.၂၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ BYD ဟာ စွမ်းရည်နိမ့်နဲ့ စွမ်းရည်မြင့် လျှပ်စစ်ကားနဲ့ Plug-in Hybrids ကားတွေကို တိုးချဲ့ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်ဝေစုတွေ ပိုမို ရလာခဲ့တာ ဖြစ်ပါတယ်။

Ref : asia.nikkei