အခုနောက်ပိုင်းမှာ ဆဲလ်ဖုန်းတွေကို လူတွေ တော်တော်များများ အချိန်ကြာကြာ အသုံးပြုလာတာကြောင့် ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေကလည်း သတိပေးမှုတွေ ပြုလုပ်လာကြပါတယ်။ ဆဲလ်ဖုန်းတွေမှာ ဓာတ်ရောင်ခြည်ထုတ်လွှင့်မှုတွေရှိနေပြီး သူတို့က ကင်ဆာနဲ့ တခြား အန္တရာယ်ရှိတဲ့ ရောဂါတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဘာကြောင့် ဆဲလ်ဖုန်းအသုံးပြုမှုက ကင်ဆာရောဂါနဲ့ဆက်စပ်နေလဲ

  • ဆဲလ်ဖုန်းနည်းပညာတွေက တိုးတက်မှုတွေ ပြောင်းလဲမှုတွေ အရမ်းမြန်ဆန်နေပါတယ်။
  • ဆဲလ်ဖုန်းနဲ့ ဖုန်းပြောတဲ့အချိန် ပိုများလေလေ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့မှုက ပိုများလာပြီး ကင်ဆာဖြစ်နိုင်ချေ ပိုများလာပါတယ်။
  • ဆဲလ်ဖုန်း အသုံးပြုသူတွေ တဖြည်းဖြည်းတိုးလာပြီး ကမ္ဘာပေါ်မှာ သန်း ၇၀၀၀ ရှိတဲ့အနက် သန်း ၅၀၀၀ ကျောက်လောက်က ဆဲလ်ဖုန်းကို အသုံးပြုနေပါပြီ။
  • ဖုန်းက ထုတ်လုပ်လိုက်တဲ့ စွမ်းအင်ကို ခန္ဓာကိုယ်ထဲရှိ တစ်ရှူးတွေက စုပ်ယူနိုင်ပြီး ဒါက အရမ်းကို ဆိုးရွားပါတယ်။ စွမ်းအင်တွေမှာ အဓိကအားဖြင့် ရေဒီယိုလှိုင်းတွေပါဝင်ပြီး တစ်ရှူးတွေကို ပြောင်းလဲအောင်လုပ်နိုင်တဲ့ ဓာတ်ရောင်ခြည်တွေဖြစ်သွားပြီး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုငပါတယ်။

ကင်ဆာနဲ့ ဆဲလ်ဖုန်းဆက်စပ်မှုကို သုတေသနတွေက ဘယ်လိုပြောထားသလဲ

ဆဲလ်ဖုန်းတွေက ကင်ဆာဖြစ်ပွားနိုင်ချေရှိတယ်လို့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီက ၂၀၁၁ ခုနှစ်က ပြောကြားခဲ့ပါတယ်။

ဆဲလ်ဖုန်းရဲ့ နည်းပညာတွေကြောင့် ဦးနှောက် ပျက်စီးတာတွေနဲ့ တခြား ကင်ဆာရောဂါဖြစ်ပွားမှုတွေ တိုးမြင့်လာတယ်လို့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီရဲ့ သုတေသနရလဒ်တွေက ဆိုထားပါတယ်။

ဆဲလ်ဖုန်းရဲ့ ရောင်ခြည်လွှင့်ထုတ်မှုတွေကြောင့်

  • ခေါင်းကိုက်ရောဂါ
  • သွေးတိုး
  • အယ်ဇိုင်းမား
  • ကင်ဆာ တို့ကို ဖြစ်စေနိုင်တယ်လို့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ဖုန်းတွေမှာတောင် ဓာတ်ရောင်ခြည်လွှင့်ထုတ်တဲ့နှုန်းတွေလည်း မတူညီကြပါဘူး။ အမေရိကန်ပြည်ထောင်စု ဗဟိုဆက်သွယ်ရေး ကော်မရှင်ကတော့ ဓာတ်ရောင်ခြည်ထုတ်လွှင့်မှုနှုန်းကို SAR Unit နဲ့ တိုင်းတာပြီး အများဆုံး 1.6 watts per Kilogram အောက် ထုတ်လွှင့်တဲ့ဖုန်းတွေကိုဘဲ ဈေးကွက်ထဲတင်ခွင့်ရှိပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ ဓာတ်ရောင်ခြည် ထုတ်လွှင့်မှုအများဆုံး ဖုန်း ၁၀ မျိုးမှာ

  1. MOTOROLA DROID MAX
    SAR: 1.54
  2. MOTOROLA DROID ULTRA
    SAR: 1.54
  3. MOTOROLA MOTO E
    SAR: 1.5

  1. ALCATEL ONE TOUCH EVOLVE
    SAR: 1.49
  2. HUAWEI VITRIA
    SAR: 1.49
  3. KYOCERA HYDRO EDGE
    SAR: 1.48
  4. KYOCERA KONA
    SAR: 1.45
  5. KYOCERA HYDRO XTRM
    SAR: 1.44

  1. NOKIA ASHA 503
    SAR: 1.43
  2. BLACKBERRY Z30
    SAR: 1.41

တို့ဖြစ်ပါတယ်။

(ယခုနည်းပညာ ဆောင်းပါးဟာ နည်းပညာနဲ့ ကျန်းမာရေးဆိုင်ရာ သတင်းဌာနဖြစ်တဲ့ Step to Health မှ ဘာသာပြန်ရေးသားထားတာဖြစ်ပါတယ်။)