OpenAI က ChatGPT Pro ကို ကြေညာလိုက်ပြီး ထွက်ဖူးထားသမျှ မော်ဒယ်တွေထဲမှာ အမိုက်ဆုံး ဖြစ်ပါတယ်။ မိုက်ဆို ဈေးကလည်း မသေးပါဘူး။  တစ်လ ဒေါ်လာ ၂၀၀ ကျသင့်မှာ ဖြစ်ပြီး ChatGPT မော်ဒယ်တွေထဲမှာ ဈေးအများဆုံး ဖြစ်လာပါတယ်။ တစ်လ ဒေါ်လာ ၂၀ ပေးရတဲ့ ChatGPT Plus ထက် ၁၀ ဆတောင်ပိုများပါတယ်။ GPT Pro မှာ OpenAI ရဲ့ လက်ရှိမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်တဲ့ o1 Pro Mode Version ကို အကန့်အသတ် မရှိ သုံးနိုင်ပါတယ်။

OpenAI က နောက်ဆုံးထုတ်  o1 မော်ဒယ်ဟာ စက်တင်ဘာလက ထွက်ခဲ့တဲ့ Preview Build ထက် ပိုစွမ်းရည်မြင့်၊ တိကျ၊ မြန်ဆန်လာတယ်လို့ ပြောပါတယ်။ Coding နဲ့ Math လို အလုပ်တွေမှာ ပိုကောင်းလာပါတယ်။ OpenAI က o1 Pro ဟာ Data Science , Programming လို အလုပ်တွေအတွက် အသုံးဝင်မယ်လို့ ပြောပါတယ်။

GPT Pro မှာ o1 မော်ဒယ်နဲ့ Pro Mode ကို အပြည့်အဝ သုံးနိုင်တဲ့အတွက် o1-mini , GPT-4o နဲ့ Advanced Voice Mode ကို အကန့်အသတ် မရှိ သုံးနိုင်မယ်လို့ ပြောပါတယ်။

ChatGPT pricing tiers

OpenAI က o1 မော်ဒယ်ကို ChatGPT Plus and Team User တွေ သုံးနိုင်ပြီ ဖြစ်ပြီး Enterprise User တွေဟာ နောက်တစ်ပတ်အထိ စောင့်ရမယ်လို့ ပြောပါတယ်။

Ref: Gsmarena