OpenAI က ChatGPT အတွက် စိတ်ဝင်စားစရာ Feature အသစ် တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အခုဆိုရင် ChatGPT ဟာ Live Video Stream ကို ကြည့်ပြီး User ကို ကူညီပေးလာနိုင်ပါတယ်။ အဲဒီ စွမ်းရည်ကို လွန်ခဲ့တဲ့ ၇ လက ကြေညာခဲ့တာ ဖြစ်ပြီး အခုတော့ အသုံးပြုနိုင်ပါပြီ။
ChatGPT ရဲ့ အဲဒီ စွမ်းရည်ကို OpenAI က ဒီဇင်ဘာလ ၁၂ ရက်နေ့က သရုပ်ပြသခဲ့ပါတယ်။ ChatGPT က စမတ်ဖုန်း ကင်မရာ ကနေ သင့် ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးနိုင်ပါတယ်။
ဥပမာ ပြောရရင် ChatGPT ကို ကော်ဖီဖျော်စက်ကို ပြလိုက်တဲ့အခါ သူက ကော်ဖီ ဖျော်နည်းကို တစ်ဆင့်ချင်း ရှင်းပြပေးမှာ ဖြစ်ပါတယ်။ Message ကို ပြရင်လည်း ပြန်ရမယ့် စာကို အကြံပေးနိုင်ပါတယ်။ ဒီစွမ်းရည်ဟာ လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝအတွက် များစွာ အကျိုးရှိစေပါတယ်။
ဒီစွမ်းရည်ကို ဒီဇင်ဘာလ ၁၉ ရက်က စတင်ကာ ChatGPT Plus နဲ့ Pro User တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ OpenAI က ဇန်နဝါရီလမှာ ကုမ္ပဏီနဲ့ ကျောင်းသားတွေအတွက် ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။
ဒီ Live Video Feature ဟာ OpenAI ရဲ့ ၁၂ ရက်ကြာ ထုတ်ကုန် မိတ်ဆက်ပွဲရဲ့ အဓိက ကြေညာချက်ဖြစ်ပါတယ်။ တခြား ကြေညာချက်တွေထဲမှာ ပရီမီယမ် ChatGPT Pro Subscription နဲ့ Sora အမည်ရ AI Video Creation Tool အသစ်တို့ ပါပါတယ်။
Ref : Gizchina