OnePlus ဟာ မကြာသေးခင်တုန်းကမှ OnePlus 10T Flagship ဖုန်းအသစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း Mid Range ဖုန်းတစ်လုံးဖြစ်လာမယ့် OnePlus Nord 20 SE ဖုန်းကို တရားဝင်မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။

OnePlus Nord 20 SE ဟာ လောလောဆယ်မှာ AliExpress မှာ စတင်ရောင်းချနေတာဖြစ်ပြီး တရားဝင် Specification တွေလည်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။

OnePlus Nord 20 SE ဖုန်းဟာ 6.5″ IPS LCD Display ကို အသုံးပြုထားပြီး HD+ Resolution ကိုပဲထောက်ပံ့ပေးထားမှာပါ။ Maximum Brightness အနေနဲ့ကတော့ 600nits အထိရှိမှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ကတော့ နောက်ဖက်မှာ 50MP + 2MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup နဲ့ 8MP Selfie Camera ကို Waterdrop Notch Design အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

Performance ပိုင်းမှာတော့ OnePlus Nord 20 SE ဟာ MediaTek Helio G35 Chipset ကိုပဲ အသုံးပြုထားပြီး RAM 4GB နဲ့ 64GB Storage ပါဝင်မှာဖြစ်ပါတယ်။ MicroSD Card Slot လည်းပါဝင်မှာဖြစ်တာကြောင့် Storage ကို ထပ်မံတိုးချဲ့ချင်သူတွေအတွက် အဆင်ပြေစေမှာပါ။ Software ပိုင်းမှာတော့ Android 12 ကို အခြေခံထားတဲ့ OxygenOS 12.1 ကို အသုံးပြုပေးထားပါတယ်။

Battery ပိုင်းမှာတော့ Nord 20 SE ဖုန်းဟာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 33W Fast Charging ကို အသုံးပြုပေးထားပါတယ်။ တခြားသော Feature တွေအနေနဲ့ကတော့ Side-mounted Fingerprint Sensor နဲ့ Face Unlock တွေကို ထောက်ပံ့ထားပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ AliExpress မှာ တင်ထားတဲ့စျေးနှုန်းအရ လာမယ့် သြဂုတ်လ ၁၂ ရက်မှာ ရောင်းချသွားမှာဖြစ်ပြီး $199 ပဲ ကျသင့်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိရောင်းချနေတဲ့ OnePlus ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖုန်းလို့တောင် ပြောနိုင်ပါတယ်။

Ref – Gizmo China