Xiaomi က တရုတ်နိုင်ငံ ဘေဂျင်းမှာ အလန်းစား Mi 10 နဲ့ Mi 10 Pro ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းတွေကို MWC 2020 မှာ တစ်ကမ္ဘာလုံးအတွက် မိတ်ဆက်ဖို့ စီစဉ်ထားပေမယ့် ပွဲပျက်သွားပါတယ်။ မိတ်ဆက်မယ့် အချိန် အသစ်ကို ကုမ္ပဏီက မပြောသေးပါဘူး။

အခုတော့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးသူ Luis Guanzon က Mi 10 Pro နဲ့ အလန်းစား 4K ဗီဒီယို ၁ ခုကို ဖန်တီးလိုက်ပါတယ်။ သူဟာ အရင်ကလည်း iPhone 6 , Google Pixel 2 တို့နဲ့ ဗီဒီယို ရိုက်ကူးပြီး YouTube မှာ တင်ပေးခဲ့ဖူးပါတယ်။

ဗီဒီယိုအရ Mi 10 Pro ဟာ မတူညီတဲ့ အလင်းရောင်တွေမှာ အသေးစိတ်ကျတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်တာတွေ့ရပါတယ်။ သဘာဝ အလင်းရောင် မရှိတဲ့ မြေအောက် ဘူတာရုံတွေမှာလည်း အရမ်းကောင်းပါတယ်။ အဲဒီ ဗီဒီယိုကို QQ မှာ Compress လုပ်ထားတဲ့အတွက် အရည်အသွေးက နည်းနည်းနိမ့်သွားမှာပါ။ နောက်ကျမှ YouTube မှာ တင်ခဲ့တာပါ။

Stands နဲ့ Gimbals တွေကို သုံးပြီး ဒီဗီဒီယိုကို ရိုက်ကူးခဲ့တာ ဖြစ်နိုင်တဲ့အတွက် အရည်အသွေး ပိုကောင်းတာလည်း ဖြစ်ပါတယ်။ Mi 10 Pro ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါပြီး 108MP Main Camera + 8MP Long Telephoto Lens + 12MP 50mm Portrait Lens (With 2x Optical Zoom )+ 20MP Ultra-Wide Shooter တွေ ဖြစ်ပါတယ်။ Mi 10 Pro ဟာ Huawei Mate 30 Pro ကို ကျော်တက်ပြီး DxOMark ရဲ့ အကောင်းဆုံး ကင်မရာတွေပါတဲ့ ဖုန်းစာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။

Ref : gsmarena