[Zawgyi]





Ref: GSMArena

[Unicode]

အံ့အားသင့်စရာဒီဇိုင်းနဲ့ ထွက်ပေါ်လာတဲ့ Moto RAZR 2019 Concept

၂၀၁၉ မှာ စမတ်ဖုန်းတွေကို မျက်နှာပြင်ပိုကျယ်လာအောင်၊ Notch တွေပျောက်သွားအောင်၊ ခေါက်လို့ရအောင် စသည်ဖြင့် နည်းလမ်းအမျိုးမျိုးတွေနဲ့ တီထွင်ဖန်တီးလာကြပါတယ်။ Motorola ကတော့ အတိတ်ရဲ့ ဒီဇိုင်းတွေကို လက်ရှိနည်းပညာနဲ့ပေါင်းစပ်ပြီး ဆန်းသစ်အောင် ကြိုးစားနေတယ်လို့ ယူဆရပါတယ်။

Moto RAZR 2019 ရဲ့ Concept ဒီဇိုင်းကတော့ မြင်လိုက်တာနဲ့ အံ့အားသင့်သွားနိုင်တယ်လို့ ဆိုရမှာပါ။ မိုလ်ဘိုင်းခေတ်ဦးပိုင်းက ခေါက်ချိုးဖုန်းပုံစံကိုမှ အတွင်းဘက်မှာ မျက်နှာပြင်ပြည့် တပ်ဆင်ထားမယ်ဆိုတဲ့ ပုံစံပါ။ Concept သာ ရှိသေးတယ်ဆိုပေမယ့် ဒီဇိုင်းနဲ့ပတ်သက်ပြီး Patent drawings တွေလည်း ထွက်ပြီးသားပါ။

Moto RAZR ရဲ့ အများနဲ့မတူတဲ့ Foldable ဖုန်းဟာ $1,500 ဈေးနှုန်းနဲ့ ထွက်လာမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သတင်းထွက်ခဲ့ဖူးတာကို မှတ်မိကြမယ်ထင်ပါတယ်။ အခုတော့ ခပ်လန်းလန်း Concept renders တွေလည်းထွက်လာပြီဆိုတော့ ဖုန်းနဲ့ပတ်သက်တဲ့ အဓိကအချက်အလက်တွေ ထပ်ထွက်လာတာကို စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

ဖြန့်လိုက်ရင် အနည်းဆုံး ၇ လက်မနဲ့အထက် မျက်နှာပြင်ကျယ်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ Foldable ဖုန်းတွေကြားမှာ Moto RAZR အနေနဲ့ လူကြိုက်များပါ့မလားလို့ သံသယဖြစ်ရပါတယ်။ ဒါပေမယ့် Motorola ကတော့ အမှန်တကယ်ပဲ ယုံကြည်ချက်အပြည့်နဲ့ လုပ်ဆောင်နေတဲ့ပုံစံပါ။ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: GSMArena