အင်တာနက် Chess Server နဲ့ သတင်း ဝက်ဘ်ဆိုက် Chess.com က ကိုယ်ပိုင် NFT Marketplace ကို ကြေညာလိုက်ပါတယ်။ Treasure Chess လို့ အမည်ပေးထားပြီး Cryptocurrency Infrastructure Provider ၁ ခု ဖြစ်တဲ့ Wyre နဲ့ ပူးပေါင်း ဖန်တီးထားတာပါ။ အဲဒီ Marketplace မှာ User တွေဟာ Chess.com ဂိမ်းတွေကို အခြေပြုထားတဲ့ NFT တွေကို ဖန်တီးနိုင်၊ အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။

Chess.com has announced a chess themed NFT marketplace - NFT News Pro

Treasure Chess ရဲ့ ပူးတွဲတည်ထောင်သူနဲ့ စီအီးအို Joseph Schiarizzi က “ Chess ကစားသူတွေ၊ Streamer နဲ့ Content Creator တွေအတွက် တန်ဖိုးရှိစေမယ့် အံ့အားသင့်စရာ Marketplace ကို တည်ထောင်လိုက်ပါတယ်။ အဲဒီကနေ NFT စီမံကိန်းတွေကို ဖန်တီးမှာ ဖြစ်ပြီး တခြား နေရာများစွာမှာလည်း NFT စီမံကိန်းတွေကို ပြုလုပ်မှာပါ။ “ လို့ ပြောပါတယ်။

International Chess Federation to jump in NFT space - TotalKrypto

Treasure Chess မှာ Chess နဲ့ Crypto Fans တွေဟာ သူတို့ရဲ့ ဂိမ်းတွေကို Treasure လို့ ခေါ်တဲ့ NFT အဖြစ် အသွင်ပြောင်းနိုင်မှာပါ။ User တွေဟာ Polygon Blockchain ကို အခြေခံထားတဲ့ Treasure တွေကို စုဆောင်းနိုင်၊ အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။

Treasure တွေဟာ ဂိမ်းရဲ့ GIF တွေပါတဲ့ ဂိမ်း ကဒ်တွေ ဖြစ်ပြီး Username, Rating, ဂိမ်း ရလဒ်နဲ့ အောင်ပွဲတွေလို သတင်းအချက်အလက်တွေ ပါဝင်ပါတယ်။ Chess.com ကစားသူ အားလုံးဟာ Treasure Chess မှာပါဝင်နိုင်တဲ့ အခွင့်အလမ်း ရရှိမှာ ဖြစ်ပြီး Treasure တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Ref : nftevening