တရုတ် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက တရုတ်မှာ 5G သုံးစွဲနေတာ ၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ် အနေနဲ့ ဖိုရမ် ၁ ခုကို ကျင်းပခဲ့ပါတယ်။ တရုတ်မှာ ကမ္ဘာ့ အကြီးဆုံး 5G ကွန်ရက် ရှိပြီး Base Station ၃.၇ သန်းနဲ့ User ၈၈၉ သန်းရှိပါတယ်။

Huawei Logo

တရုတ်မှာ 5G ထက် စွမ်းရည်ပိုမြင့်တဲ့ 5G-A (5.5G) ကို နောက်ခြေလှမ်း အဖြစ် တီထွင်နေကြပါတယ်။ Huawei ရဲ့ Cao Jibin က 5G-A ဟာ အမြန်နှုန်း၊ Latency နဲ့ တည်နေရာတွက်ချက်မှုလို စွမ်းရည်တွေမှာ အများကြီး ပိုကောင်းတယ်လို့ ပြောပါတယ်။

China set to hit 1B 5G connections th... - Mobile World Live

5G-A ဟာ AI Assistant နဲ့ များပြားတဲ့ ဒေတာ Processing လို လုပ်ငန်းတွေအတွက် ပိုမြန်ပြီး ပိုတည်ငြိမ်တဲ့ အင်တာနက်ကို ပံ့ပိုးပေးနိုင်ပါတယ်။ 5G-A ဟာ 5G ထက် Bandwidth နဲ့ Latency ဟာ ၁၀ ဆ ပိုကောင်းလာပြီး တည်နေရာ တွက်ချက်မှုမှာ စင်တီမီတာ အဆင့်အထိ တိကျပါတယ်။

Cao Jibin က AI နည်းပညာအတွက် Computing Power လိုအပ်ချက်ဟာ မြင့်မားလာမယ်လို့ ခန့်မှန်းပါတယ်။ သူက ဒေတာ စင်တာတွေကို AI စူပါ ကွန်ပြူတာ အဖြစ် ပြောင်းလဲဖို့ Computing , Storage နဲ့ Networking တို့ကို ပေါင်းစည်းဖို့ အကြံပေးပါတယ်။

တရုတ်ဟာ 5G-A နည်းပညာကို အစောဆုံး တီထွင်ဖန်တီးနေပြီး အဲဒီ အင်တာနက်ကို နိုင်ငံရဲ့ တချို့ ဒေသတွေမှာ စတင် အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။

Ref : gizmochina