တရုတ်ရဲ့ Taiyuan Satellite Launch Center က တရုတ် ဂွမ်ဒေါင်းပြည်နယ်တောင်ပိုင်း Yangjiang City ရဲ့ ကမ်းရိုးတန်း ကနေ ကမ္ဘာ့ ပထမဆုံး AI နည်းပညာပါတဲ့ ဂြိုလ်တုကို အာကာသသို့ ပြီးခဲ့တဲ့ စနေနေ့က လွှတ်တင်လိုက်ပါတယ်။

China's Taiyuan Satellite Launch Center launched nine satellites from waters near Yangjiang River in south China's Guangdong Province, February 3, 2024. /CMG

Smart Dragon-3 (SD-3) ဒုံးပျံကို ဘေဂျင်းစံတော်ချိန် နေ့လည် ၁၁ နာရီ ၆ မိနစ်မှာ စတင် လွှတ်တင်ခဲ့တာ ဖြစ်ပြီး AI ဂြိုလ်တု အပါအဝင် ဂြိုလ်တု ၉ လုံးကို အာကာသသို့ သယ်ဆောင်သွားပါတယ်။ ဒါဟာ SD-3 ရဲ့ တတိယအကြိမ်မြောက် အာကာသ ခရီးစဉ် ဖြစ်ပါတယ်။

A view of China's AI commercial hypersatellite, named 

Rongpiao or Xingshidai-18 လို့ အမည်ပေးထားတဲ့ AI ဂြိုလ်တုကို တရုတ် စီချွမ် ပြည်နယ် အနောက်တောင်ပိုင်း၊ ချန်ဒူးမြို့မှ Guoxing Aerospace Technology ကုမ္ပဏီက တီထွင်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဂြိုလ်တုမှာ ကုမ္ပဏီရဲ့ ဆဌမမျိုးဆက် Satellite Brain System ထည့်သွင်းထားပါတယ်။

AI ဂြိုလ်တုဟာ မြေပြင်က ထိန်းချုပ် စင်တာတွေကို မှီခိုစရာမလိုဘဲ ဒေတာတွေကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်ပါတယ်။ လူသားတွေ ပတ်ဝန်းကျင်က အရာတွေကို သေသေချာချာနားလည်သလိုမျိုး AI ဂြိုလ်တုက နားလည်ပါတယ်။ မတူညီတဲ့ ဒေတာ အမျိုးအစားများစွာကို ပေါင်းစပ်ကာ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ အဝေးကနေ တခြား System တွေနဲ့ ဆက်သွယ်နိုင်တဲ့အတွက် အနာဂတ် ဆက်သွယ်ရေး ကွန်ရက်အတွက် အများကြီး အကျိုးရှိစေပါတယ်။ ကမ္ဘာမြေ လေ့လာရေး၊ ဒေတာ စုဆောင်းရေးနဲ့ ဒေတာတွေအပေါ် အခြေခံကာ ဆုံးဖြတ်ချက်တာတွေလို အလုပ်တွေကို ပြုလုပ်မှာပါ။

Ref : interestingengineering, news.cgtn