ဘေဂျင်း လူတူ စက်ရုပ် တီထွင်ရေး စင်တာက ၁ နာရီကို ၆ ကီလိုမီတာ အမြန်နှုန်းနဲ့ ပြေးနိုင်တဲ့ Tiangong လူတူ စက်ရုပ်ကို ပြသလိုက်ပါတယ်။ စက်ရုပ် နယ်ပယ်မှာ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပြီး Tiangong ဟာ ဒီအမြန်နှုန်းနဲ့  ပြေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး လူတူစက်ရုပ် ဖြစ်လာပါတအယ်။

Tiangong First fully electric humanoid robot

အရပ်အမြင့် ၁၆၃ စင်တီမီတာနဲ့ အလေးချိန် ၄၃ ကီလိုဂရမ် ရှိတဲ့ Tiangong ဟာ တည်ငြိမ်စွာ ပြေးနိုင်ဖို့အတွက် ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။ 3D Vision Sensor တွေ တပ်ဆင်ထားပြီး ပတ်ဝန်းကျင်မှာ အလိုအလျှောက် လမ်းလျှောက်သွားနိုင်ပါတယ်။ တိကျတဲ့ အား ထုတ်လုပ်ပေးဖို့အတွက် တိကျမှုမြင့်မားတဲ့ Six-dimensional Force Sensor တွေ ပါပါတယ်။

Tiangong First fully electric humanoid robot

“State Memory-based Predictive Reinforcement Imitation Learning.” လို့ ခေါ်တဲ့ လူတူစက်ရုပ် လှုပ်ရှားတဲ့ စွမ်းရည်ကို သင်ယူနိုင်တဲ့ နည်းလမ်းကို အသုံးပြုထားပါတယ်။ အဲဒီ နည်းလမ်းကြောင့် စက်ရုပ်ဟာ လူတွေနဲ့ တူအောင်  ပြေးနိုင်တာ ဖြစ်ပါတယ်။

Tiangong First fully electric humanoid robot

Tiangong ဟာ လမ်းလျှောက်နိုင်၊ ပြေးနိုင်သလို လှေခါးနဲ့ တောင်ကုန်းတွေကို တက်နိုင်ပြီး ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်အလိုက် လှုပ်ရှားသွားလာနိုင်ပါတယ်။ Tiangong ဟာ ရှာဖွေ ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်အတွက် ကူညီရေးနဲ့ ကုန်ထုတ်လုပ်တဲ့ လုပ်ငန်း အပါအဝင် နယ်ပယ်များစွာမှာ အသုံးဝင်လာနိုင်ပါတယ်။

Ref : gizmochina