တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ အများသုံးအိမ်သာ တစ်ရှူးတွေ မကြာခဏပျောက်ဆုံးမှုတွေနဲ့ ကြုံနေရပါတယ်။

တရုတ် ကမ္ဘာလှည့်ခရီးသည် စီမံခန့်ခွဲရေးအဖွဲ့က လူတစ်ယောက်ရဲ့ မျက်နှာကို Scan ဖတ်ပြီးမှ လူတစ်ယောက် ကုန်နိုင်မယ့် တစ်ရှူးပမာဏကို ထုတ်လုပ်ပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

အခုလို အိမ်သာ တော်လှန်ရေးကလည်း တရုတ်နိုင်ငံ ပြည်သူ့ဝန်ဆောင်မှုကို အဆင့်မြင့်တင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း ကမ္ဘာလှည့်ခရီးသည်များကို လာရောက်ဖို့ ဆွဲဆောင်နေချိန်မှာ ကမ္ဘာလှည့်ခရီးသည်တွေ အသုံးများတဲ့ အိမ်သာတွေကတော့ အနံ့သက်ဆိုးတွေနဲ့ ပြည့်နေတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်။

ဒါပေမယ့် ဘေဂျင်းမြို့ရဲ့ နှစ် ၆၀၀ သက်တမ်းဝန်းကျင်ရှိတဲ့ Temple of Heaven မှာတော့ တစ်ရှူးမလုံလောက်မှု ပြသနာတွေ ဖြေရှင်းဖို့ လူတစ်ယောက်ရဲ့ မျက်နှာ ကို scan ဖတ်ပြီးရင် ၂ ပေလောက်ရှိတဲ့ တစ်ရှူးတစ်စကို ထုတ်ပေးတဲ့စက်တွေ တပ်ဆင်ထားပြီးပါပြီ။

မျက်နှာ ကို ဆင်ဆာ ဖတ်ပြီးမှ တစ်ရှူးထုတ်ပေးတဲ့စက်တွေကို လွန်ခဲ့တဲ့ ၂ နှစ်က စတင် တပ်ဆင်ခဲ့ပြီး အိမ်သာပေါင်း ၃၄,၀၀၀ ကို တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်ကုန်ရင်တော့ အိမ်သာပေါင်း ၂၃,၀၀၀ ကို တပ်ဆင်ခဲ့ပြီးဖြစ်ပါတယ်။

အဲ့ဒီအပြင် ရိုးရိုးအိမ်သာတွေကိုလည်း ဘိုထိုင်အိမ်သာ အဖြစ်ပြောင်းဖို့ စီစဉ်နေပါတယ်။

အခုလို အိမ်သာ တော်လှန်ရေးအတွက်ကို အမေရိကန်ဒေါ်လာ သန်း ၃.၆ ဘီလီယျံ အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။