တရုတ်နိုင်ငံက BYD ကုမ္ပဏီဟာ သူတို့ရဲ့ ဒေါ်လာ ၁ သိန်းခွဲ (၁၅၀,၀၀၀) တန်ဖိုးရှိတဲ့ Yangwang U8 ဇိမ်ခံ SUV ကားအမျိုးအစားပေါ်ကို ပေ ၁၄၀ ကျော် (၁၄၁ ပေ) ရှည်တဲ့ ထန်းပင်ကြီးနဲ့ ပစ်ချပြီး အကြမ်းပတမ်း စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို ပစ်ချရာမှာလည်း တစ်ကြိမ်တည်း မဟုတ်ဘဲ သုံးကြိမ်တိုင်တိုင် ဆက်တိုက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ်မှု လုပ်ဆောင်ရာမှာ သစ်ပင်ကြီးကို ကားအပေါ်တည့်တည့်ကနေ ဆွဲထားပြီး ခေါင်မိုးပေါ်ကို တိုက်ရိုက် ပြုတ်ကျစေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လက်တွေ့ဘဝမှာ မတော်တဆမှုတွေကြောင့် သစ်ပင် ပိတာမျိုး ဖြစ်ခဲ့ရင် ဘယ်လောက် ခံနိုင်ရည် ရှိမလဲ ဆိုတာကို သိရအောင် တုပ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

အံ့သြစရာ ကောင်းတာကတော့ အဲဒီလောက် ပြင်းထန်တဲ့ အရှိန်နဲ့ ရိုက်ခတ်ခဲ့ပေမယ့် ကားရဲ့ အတွင်းခန်းထဲကို ပိကျတာမျိုး လုံးဝ မရှိခဲ့သလို၊ တံခါးတွေလည်း ပျက်စီးသွားခြင်း မရှိဘဲ ပုံမှန်အတိုင်း ဖွင့်လို့ ပိတ်လို့ ရနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကားမှန်တွေကအစ အကောင်းပကတိ ရှိနေခဲ့ပါတယ်။
ဒီစမ်းသပ်မှုဟာ BYD အနေနဲ့ ဗြိတိန်နဲ့ တောင်အမေရိက လို နိုင်ငံတကာ ဈေးကွက်တွေကို တိုးချဲ့နေချိန်မှာ သူတို့ ထုတ်လုပ်တဲ့ ကားတွေရဲ့ အရည်အသွေးနဲ့ ခိုင်ခံ့မှုကို ကမ္ဘာက သိအောင် သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။
Ref : Fossbytes