Elon Musk ရဲ့ Tesla ကို တရုတ်က BYD က နန်းချလိုက်ပါတယ်။ ၂၀၂၃ ခုနှစ် ကွာတား ၄ မှာ BYD ဟာ Tesla ကို ကျော်တက်ပြီး ကမ္ဘာ့ ရောင်းအား အကောင်းဆုံး လျှပ်စစ်ကား ကုမ္ပဏီ ဖြစ်လာပါတယ်။

RECAP: FACE OFF - BYD VS TESLA - InvestAnswers Newsletter

BYD ဟာ ပြီးခဲ့တဲ့နှစ်မှာ လျှပ်စစ်ကား စံချိန်တင် ရောင်းအား ကောင်းခဲ့ပြီး ကွာတား ၄ မှာ အစီးရေ ၅၂၅,၄၀၉ စီး ရောင်းချနိုင်ခဲ့ပါတယ်။ Tesla ကတော့ ကွာတား ၄ မှာ ၄၈၄,၅၀၇ စီးပဲ ရောင်းချနိုင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ Elon Musk ရဲ့ Tesla ဟာ BYD ထက် ရောင်းအားကောင်းခဲ့ပြီး လျှပ်စစ်ကား အစီးရေ ၁.၈ သန်းရောင်းချနိုင်ခဲ့ပါတယ်။ BYD ကတော့ လျှပ်စစ်ကား အစီးရေ ၁.၅၇ သန်း ရောင်းချနိုင်ခဲ့ပြီး ၇၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ BYD ဟာ Hybrid ကား ၁.၄၄ သန်းရောင်းချနိုင်ခဲ့ပါတယ်။

How China's BYD Overtook Tesla

အစိုးရရဲ့ ထောက်ပံ့ကူညီမှုကြောင့် တရုတ်ဟာ လောင်စာဆီသုံးကားတွေကနေ လျှပ်စစ်ကားတွေကို လျှင်မြန်စွာ ပြောင်းလဲ အသုံးပြုနေပါတယ်။ တရုတ် ကားထုတ်လုပ်သူတွေဟာ ဥရောပမှာ Volkswagen နဲ့ Renault တို့လို ကုမ္ပဏီတွေကို ယှဉ်ပြိုင်နေပါတယ်။

ဘေဂျင်းဟာ ၂၀၂၅ ခုနှစ်မှာ တရုတ်မှာ ရောင်းတဲ့ ကား အသစ်တွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ စွမ်းအင် အသစ်ကား (New Energy Vehicles) တွေ ဖြစ်ဖို့ ရည်မှန်းထားပြီး အဲဒီအထဲမှာ လျှပ်စစ်ကား၊ Hybrid ကားနဲ့ Hydrogen Fuel Cell ကားတွေ ပါဝင်ပါတယ်။ ၂၀၃၅ ခုနှစ်မှာ အစိုးရက ကားအသစ်အားလုံးရဲ့ အများစုဟာ စွမ်းအင်  အသစ်ကားတွေ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။

Ref : cnn