တရုတ်ရဲ့ Sany Renewable Energy က Jilin ပြည်နယ်မှာ ကမ္ဘာ့ အကြီးဆုံး Wind Turbine ကို တည်ဆောက်လိုက်ပါတယ်။ 15MW SI-270150 Turbine မှာ ဘောလုံးကွင်း တစ်ကွင်းစာလောက်ရှိတဲ့ ၁၃၁ မီတာ အရှည်ရှိတဲ့ ဒလက်တွေ တပ်ဆင်ထားပါတယ်။ Wind Turbine ရဲ့ ဧရိယာဟာ ၅၇,၂၅၆ စတုရန်းမီတာ ရှိပြီး ဘောလုံးကွင်း ၁၁ ကွင်းစာလောက် ရှိပါတယ်။

Largest onshore turbine in China delivers 15 MW for 160,000 homes

အဲဒီ Wind Turbine ဟာ နှစ်စဉ် နေအိမ် ၁၆၀,၀၀၀ အတွက် လုံလောက်တဲ့ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ပေးနိုင်ပြီး သက်တမ်း ၂၅ နှစ်ကနေ ၃၀ နှစ်အထိ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ မြင့်မားတဲ့ ဒလက် လည်ပတ်အားကို ခံနိုင်အောင် တည်ဆောက်ထားပါတယ်။ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး သယ်ယူပို့ဆောင်ရတာ လွယ်ကူအောင် ဖန်တီးထားပါတယ်။

World's Largest': Chinese Company Installs 15-MW Onshore Wind Turbine

Wind Turbine  ဟာ တကယ် အလုပ်ဖြစ်သလားဆိုတာ စစ်ဆေးဖို့ နောက်နှစ်မှာ အကြိမ် ၂,၀၀၀ နီးပါး စွမ်းဆောင်ရည် စမ်းသပ်မှာ ဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုကို လျှော့ချဖို့အတွက် နိုင်ငံများစွာဟာ သန့်ရှင်းတဲ့ စွမ်းအင်ကို အသုံးပြုဖို့ ကြိုးစားနေကြပါတယ်။ အဲဒီအထဲမှာ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်တွေလည်း ပါဝင်ပါတယ်။ အခုတော့ တရုတ်က လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးတဲ့ ကမ္ဘာ့အကြီးဆုံး Wind Turbine ကို တည်ဆောက်ပြလိုက်ပါတယ်။

Ref : Technology Innovation