တရုတ်ရဲ့ နာမည်ကြီး WeChat Messaging App က ဒစ်ဂျစ်တယ် ပစ္စည်း ဈေးကစားတာကို တားမြစ်ဖို့အတွက် Non-fungible Token (NFT) နဲ့ ဆက်စပ်နေတဲ့ အကောင့် တချို့ကို ပိတ်ပင်လိုက်ပါတယ်။ WeChat က ဈေးနှုန်း မြင့်တက်အောင် ဈေးကစားနေတဲ့ NFT ဈေးကွက်ကို ကြော်ငြာနေတဲ့ အကောင့်တွေကို မှန်ကန်တည့်မတ်အောင် ပြုလုပ်လိုက်တယ်လို့ ပြောပါတယ်။
တရုတ်မှာ NFT အတွက် ဥပဒေတွေ မပြဌာန်းရသေးပေမယ့် ပြီးခဲ့တဲ့ နှစ်က Cryptocurrency အရောင်းအဝယ်ပြုလုပ်တာကိုပိတ်ပင်ခဲ့ပါတယ်။ တရုတ်မှာ တခြား ပစ္စည်းတွေလိုပဲ NFT တွေကို အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။
အဲဒါကြောင့်ပဲ NFT တွေကို ဒစ်ဂျစ်တယ် Collectible တွေ အနေနဲ့ သတ်မှတ်ထားကြတာပါ။ ဒါပေမယ့် NFT တွေဟာ ထိတွေ့လို့ရတဲ့ ပစ္စည်းတွေ မဟုတ်တဲ့အတွက် ကျွမ်းကျင်သူတွေက အန္တရာယ်ရှိတယ်လို့ သတိပေးထားကြပါတယ်။
တရုတ် အစိုးရဟာ နည်းပညာ နယ်ပယ်ကို စည်းမျဉ်းတွေ တင်းကြပ်နေပါတယ်။ အဲဒီအထဲမှာ အွန်လိုင်း စီးပွားရေးလုပ်ငန်းတွေ၊ အွန်လိုင်း ငွေကြေး ဝန်ဆောင်မှုတွေ၊ လူမှုကွန်ရက် ပလက်ဖောင်းတွေ၊ ဂိမ်း ကုမ္ပဏီတွေ၊ Cloud Computing Provider တွေ၊ Ride-hailing Apps နဲ့ Cryptocurrency Miner တွေ ပါဝင်ပါတယ်။
တရုတ်မှာ NFT တွေကို ယွမ်နဲ့ပဲ ဝယ်ယူလို့ရပြီး ပိတ်ပင်ထားတဲ့ Cryptocurrency နဲ့ ဝယ်ယူလို့ မရပါဘူး။
Ref : bbc