အိန္ဒိယက TikTok , Aliexpress နဲ့ PUBG Mobile အပါအဝင် တရုတ် App ရာဂဏန်းလောက်ကို နိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ အခုတော့ အမေရိကန်ကလည်း အဲဒီ လမ်းစဉ်ကို လိုက်တော့မယ်လို့ ထင်ပါတယ်။  အမေရိကန် သမ္မတ ဘိုင်ဒင်ဟာ နိုင်ငံသူ ၊ နိုင်ငံသားတွေရဲ့ ဒေတာတွေကို ကာကွယ်ဖို့အတွက် တရုတ် App တွေသုံးခွင့် ပိတ်ပင်မယ့် အထူး အမိန့်ကို ထုတ်လာနိုင်တယ်လို့ Reuters က သတင်းပေးလာပါတယ်။

တရုတ် App တွေ ပိတ်ပင်ရာမှာ ထရမ့် အစိုးရ လက်ထက်ကထက် ဘိုင်ဒင်လက်ထက်မှာ ပိုတိုးမြင့်လာမှာပါ။ အမေရိကန်က အစိုးရ ဝန်ထမ်းတွေရဲ့ တည်နေရာတွေကို တရုတ်က ခြေရာခံမှာလည်းကိုလည်း စိတ်ပူနေပါတယ်။

U.S. Commerce Secretary Gina Raimondo က ပိတ်ပင်မယ့် တရုတ် App တွေကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေရဲ့ စစ်တပ်နဲ့ ထောက်လှမ်းရေး ဌာနကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေ ပိုင်တဲ့ App တွေကို အဓိက ပိတ်ပင်ဖို့ အမေရိကန်က ရည်မှန်းထားပါတယ်။

အမေရိကန်ဟာ တရုတ်ရဲ့ Consumer App တွေအပြင် Business App ၊ Banking App နဲ့ Telecommunication App  တွေကိုပါ ပိတ်ပင်မှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ အီရန်နဲ့ ဗင်နီဇွဲလားတို့လို နိုင်ငံတွေက App တွေကိုလည်း Sanctions အောက်ကနေ ပိတ်ပင်ထားပါတယ်။

Ref : gizmochina