Clash Royale ဂိမ်းဟာ အခုအချိန်မှာ Clash of Clans လိုမျိုးပဲ ဆော့ကစားသူတွေ အများအပြားရှိနေတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Cards Game တစ်ခုဖြစ်ပေမယ့် အဆိုပါ ဂိမ်းက ယခင်က လူတိုင်းနီးပါးဆော့ကစားခဲ့တဲ့ Clash of Clans ဂိမ်းလိုမျိုးပဲ ဇတ်ကောင်တွေပါဝင်တဲ့အတွက် ဆော့ကစားတဲ့သူတွေအတွက် အတွေ့အကြုံအသစ်ကို ဖန်တီးနိုင်တယ်လို့ ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ Clash Royale ဂိမ်းရဲ့ Developer တွေဖြစ်တဲ့ Supercell ကနေ လက်ရှိ Mobile Game ပြိုင်ပွဲတွေထဲမှာ ဆုကြေးအမြင့်ဆုံးဖြစ်တဲ့ ဒေါ်လာ ၁ သန်းပေးပြီးတော့ တကမ္ဘာလုံးမှာရှိတဲ့ ပြိုင်ပွဲဝင်သူတွေကို ယှဉ်ပြိုင်စေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Clash Royale ဂိမ်းက Android မှာ Download ပြုလုပ်သူ အယောက် သန်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

အခု Clash Royale ဂိမ်းပြိုင်ပွဲကို လူအယောက် ၂၅ သန်းကျော်ဝင်ရောက်ယှဉ်ပြိုင်ကြပေမယ့် ဒုတိယအဆင့်ကိုတော့ ပြိုင်ပွဲဝင် အယောက် ၇၀၀၀ ပဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ကံမကောင်းစရာကတော့ အခုအချိန်မှာ အဆိုပါ Clash Royale ဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် နောက်နှစ်အထိစောင့်ရတော့မှာပဲဖြစ်ပါတယ်။