[Zawgyi]

Google Pixel 4 XL ရဲ႕ Case Render ေတြက ၿပီးခဲ့တဲ့ ဇူလိုင္လ တတိယပတ္ေလာက္ကတည္းက ထြက္ေပၚခဲ့ၿပီးသားပါ။ ေလးေထာင့္ပုံ ကင္မရာေဘာင္ထဲမွာ ကင္မရာသုံးလုံး ကို ႀတိဂံပုံစံတပ္ဆင္ထားၿပီး ေအာက္မွာမွ ဖလက္ရွ္မီးကို ထည့္သြင္းလိုက္တဲ့ပုံစံ ျဖစ္ပါတယ္။

တ႐ုတ္ Case ထုတ္လုပ္မႈလုပ္ငန္းတစ္ခုကေန ထြက္ေပၚလာတဲ့ Render မွာေတာ့ ေက်ာဘက္ကင္မရာေတြရဲ႕ ပုံစံေတြကို ပိုၿပီး ရွင္းရွင္းလင္းလင္း ျမင္ေတြ႕လာရၿပီ ျဖစ္ပါတယ္။ ထိပ္ဆုံးကင္မရာဟာ က်န္တဲ့ ကင္မရာႏွစ္လုံးထက္ အနည္းငယ္ပိုႀကီးေနတာကိုလည္း လက္ရွိ Render မွာ ျမင္ေတြ႕ရျပန္ပါတယ္။

Render ေတြဟာ ကင္မရာအေရအတြက္နဲ႔ တည္ရွိပုံအေနအထားကိုပဲ ေဖာ္ျပေပးႏိုင္တာျဖစ္ၿပီး အျခားအခ်က္အလက္ေတြကိုေတာ့ မေဖာ္ျပေပးႏိုင္ၾကပါဘူး။ ဒါေပမယ့္ ေက်ာဘက္ကင္မရာသုံးလုံးဟာ 12MP အဓိက ကင္မရာ၊ 16MP 2x optical zoom telephoto ကင္မရာအျပင္ “spectral sensor” နဲ႔ တတိယကင္မရာ တို႔ တပ္ဆင္ေပးထားမယ္လို႔ ေကာလာဟလသတင္းေတြထြက္ေပၚထားၿပီး ျဖစ္ပါတယ္။

ေအာက္တိုဘာမွာ မိတ္ဆက္လာမယ့္ Pixel ဖုန္းေတြအတြက္ သိစရာေတြ အမ်ားႀကီးက်န္ပါေသးတယ္။ ဒါေပမယ့္ Render ေတြအရ အေရွ႕ဘက္မွာ ကင္မရာႏွစ္လုံးပါဝင္သလို က်ဥ္းေျမာင္းတဲ့ေအာက္ေျခ Bezel ျဖစ္ေနတာလိုမ်ိဳး ျပင္ပပုံသ႑ာန္အခ်က္အလက္အေတာ္မ်ားမ်ားကိုေတာ့ သိရွိေနၾကရၿပီ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Pixel 4 XL ရဲ့ ကျောဘက်ကင်မရာသုံးလုံးကို အနီးကပ်မြင်တွေ့နိုင်တဲ့ Render ပေါ်ထွက်လာ

Google Pixel 4 XL ရဲ့ Case Render တွေက ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်လောက်ကတည်းက ထွက်ပေါ်ခဲ့ပြီးသားပါ။ လေးထောင့်ပုံ ကင်မရာဘောင်ထဲမှာ ကင်မရာသုံးလုံး ကို တြိဂံပုံစံတပ်ဆင်ထားပြီး အောက်မှာမှ ဖလက်ရှ်မီးကို ထည့်သွင်းလိုက်တဲ့ပုံစံ ဖြစ်ပါတယ်။

တရုတ် Case ထုတ်လုပ်မှုလုပ်ငန်းတစ်ခုကနေ ထွက်ပေါ်လာတဲ့ Render မှာတော့ ကျောဘက်ကင်မရာတွေရဲ့ ပုံစံတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ ထိပ်ဆုံးကင်မရာဟာ ကျန်တဲ့ ကင်မရာနှစ်လုံးထက် အနည်းငယ်ပိုကြီးနေတာကိုလည်း လက်ရှိ Render မှာ မြင်တွေ့ရပြန်ပါတယ်။

Render တွေဟာ ကင်မရာအရေအတွက်နဲ့ တည်ရှိပုံအနေအထားကိုပဲ ဖော်ပြပေးနိုင်တာဖြစ်ပြီး အခြားအချက်အလက်တွေကိုတော့ မဖော်ပြပေးနိုင်ကြပါဘူး။ ဒါပေမယ့် ကျောဘက်ကင်မရာသုံးလုံးဟာ 12MP အဓိက ကင်မရာ၊ 16MP 2x optical zoom telephoto ကင်မရာအပြင် “spectral sensor” နဲ့ တတိယကင်မရာ တို့ တပ်ဆင်ပေးထားမယ်လို့ ကောလာဟလသတင်းတွေထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။

အောက်တိုဘာမှာ မိတ်ဆက်လာမယ့် Pixel ဖုန်းတွေအတွက် သိစရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါပေမယ့် Render တွေအရ အရှေ့ဘက်မှာ ကင်မရာနှစ်လုံးပါဝင်သလို ကျဉ်းမြောင်းတဲ့အောက်ခြေ Bezel ဖြစ်နေတာလိုမျိုး ပြင်ပပုံသဏ္ဍာန်အချက်အလက်အတော်များများကိုတော့ သိရှိနေကြရပြီ ဖြစ်ပါတယ်။

Ref: GSM Arena