OPPO ဟာ ၂၀၂၂ ခုနှစ်မှာ Device အများစုအတွက် Software Update ကို လျှင်မြန်စွာ ဖြန့်ချိပေးခဲ့ပြီး အခု ၂၀၂၃ ခုနှစ်မှာလည်း အလားတူ အစီအစဉ်ကို အကောင်အထည်ဖော်နေပါတယ်။ ကုမ္ပဏီဟာ ColorOS 13 Update ကို Device များစွာအတွက် ဖြန့်ချိပေးနေပါတယ်။ အခုတော့ OPPO က ၂၀၂၃ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ColorOS 13 Global Update ရမယ့် Device စာရင်းကို မျှဝေလိုက်ပါတယ်။

ColorOS 13 Global Update Timeline

အဲဒီ စာရင်းမှာ Reno 8, Reno 5, Reno 6 နဲ့ တခြား စမတ်ဖုန်းများစွာ ပါပါတယ်။ OPPO က ဖြန့်ချိမယ့် အချိန်ဟာ Device ၊ နိုင်ငံနဲ့ Carrier အပေါ်မူတည်ကာ ပြောင်းလဲသွားမယ်လို့ ပြောပါတယ်။

ColorOS 13: here's how OPPO smartphones will change - GizChina.it

ကုမ္ပဏီက Beta Version ကို အကျုံးဝင်တဲ့ စမတ်ဖုန်းတွေအတွက် တစ်သုတ်ချင်း ဖြန့်ချိပေးမှာ ဖြစ်ပြီး နိုင်ငံအလိုက် ကန့်သတ်ချက်ရှိတယ်လို့ ပြောပါတယ်။

ColorOS 13 Global Update Timeline Q1 2023

Beta Update

From February, 2023

  • Oppo Reno 5 F
  • Oppo F19 Pro

From March, 2023

  • Oppo Reno 6
  • Oppo Reno 5
  • Oppo Reno 5 Marvel Edition
  • Oppo A55
  • Oppo A53s 5G

Stable Update

From January 13, 2023

  • Oppo Find X2 Pro (India, Indonesia)
  • Oppo Find X2 Pro Automobili Lamborghini (India, Indonesia)
  • Oppo Find X2 (India, Indonesia)

From January 14, 2023

  • Oppo Reno 8 (Indonesia)
  • Oppo F21s Pro (India)

စာရင်းအရ OPPO ဟာ ဇန်နဝါရီလမှာ စမတ်ဖုန်းများစွာအတွက် ColorOS 13 ရဲ့ Stable နဲ့ Beta Builds တွေကို ဖြန့်ချိမှာပါ။ အဲဒီ Software ကို အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ ဖြန့်ချိမှာ ဖြစ်ပြီး အထက်ဖော်ပြပါ ဖုန်းတွေကို ကိုင်ထားရင် OTA Notification ကနေ Update ရပြီဆိုတာ သိနိုင်ပါတယ်။

Ref : gizmochina