[Zawgyi]

တ႐ုတ္ႏိုင္ငံက စီးပြားေရးလုပ္ငန္းရွင္ေတြဟာ တစ္ဦးနဲ႔တစ္ဦး ႐ိုင္းပင္းကူညီၾကၿပီး စည္းလုံးမႈရွိၾကတယ္လို႔ ဆိုရမလို ျဖစ္ေနပါၿပီ။ လက္ရွိျဖစ္ရပ္ကေတာ့ သူတို႔အားလုံးက Huawei ကို ဝန္းရံၾကတယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တ႐ုတ္ကုမၸဏီေတြက Apple ကို ဆန႔္က်င္တဲ့ တုံ႔ျပန္မႈေတြ လုပ္ကိုင္ေနၾကတာေၾကာင့္ပဲ ျဖစ္ပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္တို႔ ျဖစ္ပြားေနတဲ့ ကုန္သြယ္ေရးစစ္ပြဲဟာ Huawei ရဲ႕ CFO ထိန္းသိမ္းခံလိုက္ရတဲ့ေနာက္မွာ ပိုၿပီးေတာ့ အရွိန္ျပင္းသြားတယ္လို႔ ဆိုရမွာပါ။ အေမရိကန္ရဲ႕ ေတာင္းဆိုမႈနဲ႔အတူ ဥေရာပႏိုင္ငံေတြက Huawei ပစၥည္းေတြကို လက္မခံေတာ့တာက ကုမၸဏီတင္မကဘဲ တ႐ုတ္ႏိုင္ငံအတြက္ပါ သိကၡာပိုင္းအရ ထိုးႏွက္ခံရသလို ျဖစ္ခဲ့ပါတယ္။

ဒီလိုမ်ိဳး ကုန္သြယ္ေရးစစ္ အရွိန္တက္ေနခ်ိန္မွာ Apple က Qualcomm နဲ႔ျဖစ္ပြားေနတဲ့ မူပိုင္ခြင့္ျပႆနာမွာ ရႈံးနိမ့္ခဲ့ပါတယ္။ အေမရိကန္ကုမၸဏီခ်င္း ျဖစ္တာဆိုေပမယ့္ Qualcomm က Apple ရဲ႕ ထုတ္ကုန္ေတြကို မူပိုင္ခြင့္ၿငိစြန္းမႈေၾကာင့္ ပိတ္ပင္ေပးဖို႔ တ႐ုတ္ႏိုင္ငံတရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထားခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံတရား႐ုံးကလည္း ဥပေဒေၾကာင္းအရ ပိတ္ပင္တားဆီးခဲ့ပါတယ္။

ဒီျဖစ္ရပ္က တ႐ုတ္ကုမၸဏီေတြအေနနဲ႔ အေမရိကန္ကို တုံ႔ျပန္ဖို႔ အေကာင္းဆုံး အခြင့္အေရးအျဖစ္ အသြင္ေျပာင္းသြားခဲ့ပုံပါပဲ။ Huawei နဲ႔ ZTE ကို အေမရိကန္မွာ ပိတ္ပင္လိုက္သလို၊ အေမရိကန္ရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီျဖစ္တဲ့ Apple ကိုလည္း တ႐ုတ္ျပည္တြင္းက ကုမၸဏီေတြက သပိတ္ေမွာက္လိုက္ၾကတာပဲ ျဖစ္ပါတယ္။

တ႐ုတ္ကုမၸဏီဝန္ထမ္းေတြအေနနဲ႔ Huawei ဖုန္းကိုဝယ္မယ္ဆိုရင္ မူရင္းတန္ဖိုးထက္ ၁၀% ကေန ၂၀% အထိ သက္သာမယ္ဆိုတဲ့ မဲဆြယ္မႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။ ဒါ့အျပင္ တ႐ုတ္ကုမၸဏီ ၂၀ ေက်ာ္ကလည္း သူတို႔အေနနဲ႔ Huawei ကုန္ပစၥည္းေတြကို အရင္ကထက္ ပိုၿပီးေတာ့ ဝယ္ယူသုံးစြဲမႈ ျပဳလုပ္မယ္ဆိုတဲ့အေၾကာင္း လူမႈကြန္ရက္ေတြမွာ ေၾကညာခဲ့ပါတယ္။

Qualcomm ရဲ႕ ထိုးႏွက္တိုက္ခိုက္မႈကို ေက်ာ္လႊားဖို႔အတြက္ Apple အေနနဲ႔ Software Update ကို ျပဳလုပ္ေနေပမယ့္လည္း လက္ရွိအခ်ိန္ထိေတာ့ အလုံးစုံေျပလည္မႈ မရွိေသးတာလည္း ေတြ႕ရပါတယ္။ ဒါ့အျပင္ Qualcomm က ဂ်ာမန္တရား႐ုံးမွာလည္း Apple ေရာင္းခ်မႈပိတ္ပင္ေပးဖို႔ ႀကိဳးစားရာမွာ ေအာင္ျမင္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ Qualcomm ရဲ႕ Apple အေပၚ တိုက္ခိုက္မႈကေန တ႐ုတ္ႏိုင္ငံအတြက္ ဘယ္လိုအက်ိဳးအျမတ္ေတြ ထြက္ေပၚလာဦးမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

 

Ref: 9to5Mac

 

[Unicode]

တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေဟာ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီကြပြီး စည်းလုံးမှုရှိကြတယ်လို့ ဆိုရမလို ဖြစ်နေပါပြီ။ လက်ရှိဖြစ်ရပ်ကတော့ သူတို့အားလုံးက Huawei ကို ဝန်းရံကြတယ်ဆိုတာကတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကုမ္ပဏီတွေက Apple ကို ဆန့်ကျင်တဲ့ တုံ့ပြန်မှုတွေ လုပ်ကိုင်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ Huawei ရဲ့ CFO ထိန်းသိမ်းခံလိုက်ရတဲ့နောက်မှာ ပိုပြီးတော့ အရှိန်ပြင်းသွားတယ်လို့ ဆိုရမှာပါ။ အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့အတူ ဥရောပနိုင်ငံတွေက Huawei ပစ္စည်းတွေကို လက်မခံတော့တာက ကုမ္ပဏီတင်မကဘဲ တရုတ်နိုင်ငံအတွက်ပါ သိက္ခာပိုင်းအရ ထိုးနှက်ခံရသလို ဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုး ကုန်သွယ်ရေးစစ် အရှိန်တက်နေချိန်မှာ Apple က Qualcomm နဲ့ဖြစ်ပွားနေတဲ့ မူပိုင်ခွင့်ပြဿနာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီချင်း ဖြစ်တာဆိုပေမယ့် Qualcomm က Apple ရဲ့ ထုတ်ကုန်တွေကို မူပိုင်ခွင့်ငြိစွန်းမှုကြောင့် ပိတ်ပင်ပေးဖို့ တရုတ်နိုင်ငံတရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံတရားရုံးကလည်း ဥပဒေကြောင်းအရ ပိတ်ပင်တားဆီးခဲ့ပါတယ်။

ဒီဖြစ်ရပ်က တရုတ်ကုမ္ပဏီတွေအနေနဲ့ အမေရိကန်ကို တုံ့ပြန်ဖို့ အကောင်းဆုံး အခွင့်အရေးအဖြစ် အသွင်ပြောင်းသွားခဲ့ပုံပါပဲ။ Huawei နဲ့ ZTE ကို အမေရိကန်မှာ ပိတ်ပင်လိုက်သလို၊ အမေရိကန်ရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီဖြစ်တဲ့ Apple ကိုလည်း တရုတ်ပြည်တွင်းက ကုမ္ပဏီတွေက သပိတ်မှောက်လိုက်ကြတာပဲ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ Huawei ဖုန်းကိုဝယ်မယ်ဆိုရင် မူရင်းတန်ဖိုးထက် ၁၀% ကနေ ၂၀% အထိ သက်သာမယ်ဆိုတဲ့ မဲဆွယ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် တရုတ်ကုမ္ပဏီ ၂၀ ကျော်ကလည်း သူတို့အနေနဲ့ Huawei ကုန်ပစ္စည်းတွေကို အရင်ကထက် ပိုပြီးတော့ ဝယ်ယူသုံးစွဲမှု ပြုလုပ်မယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်တွေမှာ ကြေညာခဲ့ပါတယ်။

Qualcomm ရဲ့ ထိုးနှက်တိုက်ခိုက်မှုကို ကျော်လွှားဖို့အတွက် Apple အနေနဲ့ Software Update ကို ပြုလုပ်နေပေမယ့်လည်း လက်ရှိအချိန်ထိတော့ အလုံးစုံပြေလည်မှု မရှိသေးတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် Qualcomm က ဂျာမန်တရားရုံးမှာလည်း Apple ရောင်းချမှုပိတ်ပင်ပေးဖို့ ကြိုးစားရာမှာ အောင်မြင်ခဲ့ပါသေးတယ်။ ဒါကြောင့် Qualcomm ရဲ့ Apple အပေါ် တိုက်ခိုက်မှုကနေ တရုတ်နိုင်ငံအတွက် ဘယ်လိုအကျိုးအမြတ်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Ref: 9to5Mac