Fortnite ဟာ လက္ရွိေခတ္အစားဆုံး ဂိမ္းတစ္ခုျဖစ္ျပီး Twitch မွာလည္း ၾကည့္ရႈသူအမ်ားဆုံး ဂိမ္းေတြထဲက တစ္ခု အပါအဝင္ပါ။ လက္ရွိမွာ ျပိဳင္ပြဲၾကီးေတြ က်င္းပေနျပီျဖစ္ေပမယ့္ သူ႕ရဲ႕ ကစားဟန္က Competitive ျပိဳင္ပြဲအၾကီးစားေတြအတြက္ ရည္ရြယ္ထားတဲ့ ပုံစံေတာ့ မဟုတ္ေသးပါဘူး။
ဒါေပမယ့္ Competitive ဆန္ဆန္ ကစားရဖို႔ေတာ့ သိပ္မလိုေတာ့ပါဘူး။ Fortnite ရဲ႕ ဖန္တီးရွင္ Epic Games မွ ကစားသမားေတြ တန္းတူယွဥ္ျပိဳင္ႏုိင္မယ့္ အၾကီးစား Competitive ဂိမ္းစနစ္တစ္ခုကို တီထြင္ေနျပီလို႔ အသိေပးလိုက္ျပီး ဘယ္လိုပုံစံ ကစားရမယ္ဆုိတာ ေလာေလာဆယ္ အသိမေပးေသးေပမယ့္ အခုႏွစ္ကုန္မွာ ထြက္လာမွာျဖစ္ပါတယ္။
Epic Games ဟာ လက္ရွိမွာလည္း သူမ်ားေတြ ကစားေနတာကို တုိက္ရုိက္ဝင္ၾကည့္ႏုိင္တာလိုမ်ဳိး e-Sports ဆန္ဆန္ Feature ေတြကို ထည့္သြင္းအသုံးျပဳေနျပီး ပရိသတ္ေတြ ၾကည့္ရတာ ပိုအဆင္ေျပေစမယ့္ တုိးျမွင့္မႈေတြကိုလည္း မၾကာခင္ ရက္သတၱပတ္အနည္းငယ္အတြင္း ျပဳလုပ္ေပးသြားဦးမွာပါ။
Competitive မေဆာ့ခ်င္တဲ့သူေတြအတြက္လည္း သိသာတဲ့ တုိးျမွင့္မႈေတြ ရွိပါတယ္။ ဂိမ္းစတူဒီယုိက ကစားသူေတြ အသုံးျပဳတဲ့ ထိန္းခ်ဳပ္မႈစနစ္ကို တုိးျမွင့္မႈေတြ ျပဳလုပ္သြားမွာျဖစ္ျပီး Control ပုိင္းကို လုံးဝ Customize ျပဳလုပ္ႏုိင္လာမွာ ျဖစ္ကာ ကစားပြဲရွာေဖြတဲ့ အခါမွာလည္း ကိုယ္ေဆာ့ေနတဲ့ PC, Console စတဲ့ ပလက္ေဖာင္းအေပၚ အေျခမခံဘဲ အသုံးျပဳတဲ့ Control Input အမ်ဳိးအစား တူတာခ်င္းပဲ ေပးေတြ႕ေတာ့မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Console သမားက ကီးဘုတ္နဲ႔ ေမာက္စ္ အသုံးျပဳျပီး ေဆာ့ေနတာ ဆုိရင္ Console လက္ကုိင္နဲ႔ ကစားတဲ့သူနဲ႔ မေတြ႕ေတာ့ဘဲ ကြန္ပ်ဴတာနဲ႔ ေဆာ့တဲ့သူေတြနဲ႔သာ ေတြ႕ရမွာ ျဖစ္ပါတယ္။
လက္ရွိမွာလည္း အေကာင့္ေတြရဲ႕ လုံျခဳံေရးအတြက္ အီးေမးလ္ကို အေျခခံတဲ့ Two-factor ခြင့္ျပဳမႈ စနစ္ ကို ထပ္တုိးျမွင့္ထားတာကိုလည္း ေတြ႕ရသလို PS4 Pro စက္နဲ႔ 4K TV ျဖင့္ ကစားတဲ့သူေတြအတြက္လည္း 1080p Resolution ထက္ျမင့္မားတဲ့ ရုပ္ထြက္ကို မၾကာခင္ ထုတ္လႊင့္ေပးသြားမယ္လို႔ ဆုိပါတယ္။
Ref – Engadget
Unicode
Fortnite ဟာ လက်ရှိခေတ်အစားဆုံး ဂိမ်းတစ်ခုဖြစ်ပြီး Twitch မှာလည်း ကြည့်ရှုသူအများဆုံး ဂိမ်းတွေထဲက တစ်ခု အပါအဝင်ပါ။ လက်ရှိမှာ ပြိုင်ပွဲကြီးတွေ ကျင်းပနေပြီဖြစ်ပေမယ့် သူ့ရဲ့ ကစားဟန်က Competitive ပြိုင်ပွဲအကြီးစားတွေအတွက် ရည်ရွယ်ထားတဲ့ ပုံစံတော့ မဟုတ်သေးပါဘူး။
ဒါပေမယ့် Competitive ဆန်ဆန် ကစားရဖို့တော့ သိပ်မလိုတော့ပါဘူး။ Fortnite ရဲ့ ဖန်တီးရှင် Epic Games မှ ကစားသမားတွေ တန်းတူယှဉ်ပြိုင်နိုင်မယ့် အကြီးစား Competitive ဂိမ်းစနစ်တစ်ခုကို တီထွင်နေပြီလို့ အသိပေးလိုက်ပြီး ဘယ်လိုပုံစံ ကစားရမယ်ဆိုတာ လောလောဆယ် အသိမပေးသေးပေမယ့် အခုနှစ်ကုန်မှာ ထွက်လာမှာဖြစ်ပါတယ်။
Epic Games ဟာ လက်ရှိမှာလည်း သူများတွေ ကစားနေတာကို တိုက်ရိုက်ဝင်ကြည့်နိုင်တာလိုမျိုး e-Sports ဆန်ဆန် Feature တွေကို ထည့်သွင်းအသုံးပြုနေပြီး ပရိသတ်တွေ ကြည့်ရတာ ပိုအဆင်ပြေစေမယ့် တိုးမြှင့်မှုတွေကိုလည်း မကြာခင် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြုလုပ်ပေးသွားဦးမှာပါ။
Competitive မဆော့ချင်တဲ့သူတွေအတွက်လည်း သိသာတဲ့ တိုးမြှင့်မှုတွေ ရှိပါတယ်။ ဂိမ်းစတူဒီယိုက ကစားသူတွေ အသုံးပြုတဲ့ ထိန်းချုပ်မှုစနစ်ကို တိုးမြှင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး Control ပိုင်းကို လုံးဝ Customize ပြုလုပ်နိုင်လာမှာ ဖြစ်ကာ ကစားပွဲရှာဖွေတဲ့ အခါမှာလည်း ကိုယ်ဆော့နေတဲ့ PC, Console စတဲ့ ပလက်ဖောင်းအပေါ် အခြေမခံဘဲ အသုံးပြုတဲ့ Control Input အမျိုးအစား တူတာချင်းပဲ ပေးတွေ့တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Console သမားက ကီးဘုတ်နဲ့ မောက်စ် အသုံးပြုပြီး ဆော့နေတာ ဆိုရင် Console လက်ကိုင်နဲ့ ကစားတဲ့သူနဲ့ မတွေ့တော့ဘဲ ကွန်ပျူတာနဲ့ ဆော့တဲ့သူတွေနဲ့သာ တွေ့ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း အကောင့်တွေရဲ့ လုံခြုံရေးအတွက် အီးမေးလ်ကို အခြေခံတဲ့ Two-factor ခွင့်ပြုမှု စနစ် ကို ထပ်တိုးမြှင့်ထားတာကိုလည်း တွေ့ရသလို PS4 Pro စက်နဲ့ 4K TV ဖြင့် ကစားတဲ့သူတွေအတွက်လည်း 1080p Resolution ထက်မြင့်မားတဲ့ ရုပ်ထွက်ကို မကြာခင် ထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။