[Zawgyi]

၂၀၁၉ ႏွစ္စပိုင္းမွာ ကမာၻ႔အႀကီးဆုံး နည္းပညာကုမၸဏီေတြထဲက ႏွစ္ခုဟာ Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ကို အသီးသီးထုတ္ေဖာ္ၿပီး Foldable Phone ၿပိဳင္ပြဲကို စတင္ဖြင့္လွစ္လိုက္ၾကပါၿပီ။ Foldable ဖုန္းလို႔ ေျပာလိုက္တာနဲ႔ မ်က္ႏွာျပင္ဟာ Glass မဟုတ္ဘူးဆိုတာ အားလုံးသိနားလည္ထားမွာပါ။


လက္ရွိအေျခအေနမွာ Glass panel ေတြကို ေကြးလို႔ေခါက္လို႔ရတဲ့အထိ ျပဳျပင္ေျပာင္းလဲၿပီး ေဈးကြက္တြင္းမွာသုံးဖို႔ အလုံးလိုက္အရင္းလိုက္ ထုတ္လုပ္ႏိုင္ျခင္း မရွိေသးပါဘူး။ Foldable ဖုန္းကို ထုတ္လုပ္တဲ့ကုမၸဏီေတြကလည္း ဒီလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မယ့္ ကုမၸဏီကို ေစာင့္ဆိုင္းေနၾကတာ ျဖစ္ပါတယ္။

Plastic Display ေတြဟာ ေကြးႏိုင္ေခါက္ႏိုင္ပါတယ္။ ဒါေပမယ့္ အၾကမ္းခံမႈအပိုင္းမွာေတာ့ ျပႆနာရွိေနၿပီး ေျပလည္ေအာင္ေျဖရွင္းဖို႔ကလည္း မလြယ္ကူပါဘူး။ Plastic ဟာ Glass ေလာက္ အထိအခိုက္မခံဘူးဆိုတာ သိသာထင္ရွားလြန္းၿပီးသားပါ။


Corning ဆိုတဲ့ နာမည္ကိုၾကားလိုက္တာနဲ႔ Gorilla Glass ေတြကို ျမင္ေယာင္မိၾကမယ္ ထင္ပါတယ္။ ဟုတ္ပါတယ္။ Corning က စမတ္ဖုန္းေတြအတြက္ အၾကမ္းခံတဲ့ Gorilla Glass ေတြကို အေျမာက္အမ်ား ထုတ္လုပ္ၿပီး ေအာင္ျမင္ေနတဲ့ ကုမၸဏီတစ္ခုပါ။ သူတို႔ဟာ Foldable ဖုန္းေတြအတြက္ လိုအပ္ေနတဲ့ ေျဖရွင္းမႈကို ယူေဆာင္လာဖို႔ ႀကိဳးစားလုပ္ကိုင္ေနၾကေၾကာင္း လွစ္ဟ ျပသခဲ့ပါတယ္။

Gorilla Glass display ေတြနဲ႔ Foldable စမတ္ဖုန္းေတြကို ဘယ္အခ်ိန္ေလာက္မွာ ျမင္ရမလဲဆိုတာကိုေတာ့ မေျပာႏိုင္ေသးပါဘူး။ ဒါေပမယ့္ Corning ကေတာ့ သူတို႔ရဲ႕ ႀကိဳးပမ္းမႈအေၾကာင္းကို ျပသတဲ့အေနနဲ႔ GIF တစ္ခုကို ထုတ္ခဲ့ပါတယ္။ တစ္ခ်ိန္က ေကြးေခါက္လို႔ရတဲ့ စမတ္ဖုန္းေတြ ထြက္လာဖို႔ မလြယ္ကူဘူးလို႔ ေတြးခဲ့ၾကေပမယ့္ ဒီေန႔မွာေတာ့ လက္ေတြ႕ထြက္ေပၚေနပါၿပီ။ ဒါေၾကာင့္ ေကြးေခါက္လို႔ရတဲ့ Gorilla Glass ေတြ ထြက္မလာဘူးလို႔လည္း ယတိျပတ္မေျပာႏိုင္ပါဘူး။

Ref: Android Authority

[Unicode]

Foldable Gorilla Glass ပြုလုပ်နေတဲ့ Corning

၂၀၁၉ နှစ်စပိုင်းမှာ ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီတွေထဲက နှစ်ခုဟာ Samsung Galaxy Fold နဲ့ Huawei Mate X တို့ကို အသီးသီးထုတ်ဖော်ပြီး Foldable Phone ပြိုင်ပွဲကို စတင်ဖွင့်လှစ်လိုက်ကြပါပြီ။ Foldable ဖုန်းလို့ ပြောလိုက်တာနဲ့ မျက်နှာပြင်ဟာ Glass မဟုတ်ဘူးဆိုတာ အားလုံးသိနားလည်ထားမှာပါ။


လက်ရှိအခြေအနေမှာ Glass panel တွေကို ကွေးလို့ခေါက်လို့ရတဲ့အထိ ပြုပြင်ပြောင်းလဲပြီး ဈေးကွက်တွင်းမှာသုံးဖို့ အလုံးလိုက်အရင်းလိုက် ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။ Foldable ဖုန်းကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ကုမ္ပဏီကို စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

Plastic Display တွေဟာ ကွေးနိုင်ခေါက်နိုင်ပါတယ်။ ဒါပေမယ့် အကြမ်းခံမှုအပိုင်းမှာတော့ ပြဿနာရှိနေပြီး ပြေလည်အောင်ဖြေရှင်းဖို့ကလည်း မလွယ်ကူပါဘူး။ Plastic ဟာ Glass လောက် အထိအခိုက်မခံဘူးဆိုတာ သိသာထင်ရှားလွန်းပြီးသားပါ။


Corning ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ Gorilla Glass တွေကို မြင်ယောင်မိကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ Corning က စမတ်ဖုန်းတွေအတွက် အကြမ်းခံတဲ့ Gorilla Glass တွေကို အမြောက်အများ ထုတ်လုပ်ပြီး အောင်မြင်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ သူတို့ဟာ Foldable ဖုန်းတွေအတွက် လိုအပ်နေတဲ့ ဖြေရှင်းမှုကို ယူဆောင်လာဖို့ ကြိုးစားလုပ်ကိုင်နေကြကြောင်း လှစ်ဟ ပြသခဲ့ပါတယ်။

Gorilla Glass display တွေနဲ့ Foldable စမတ်ဖုန်းတွေကို ဘယ်အချိန်လောက်မှာ မြင်ရမလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် Corning ကတော့ သူတို့ရဲ့ ကြိုးပမ်းမှုအကြောင်းကို ပြသတဲ့အနေနဲ့ GIF တစ်ခုကို ထုတ်ခဲ့ပါတယ်။ တစ်ချိန်က ကွေးခေါက်လို့ရတဲ့ စမတ်ဖုန်းတွေ ထွက်လာဖို့ မလွယ်ကူဘူးလို့ တွေးခဲ့ကြပေမယ့် ဒီနေ့မှာတော့ လက်တွေ့ထွက်ပေါ်နေပါပြီ။ ဒါကြောင့် ကွေးခေါက်လို့ရတဲ့ Gorilla Glass တွေ ထွက်မလာဘူးလို့လည်း ယတိပြတ်မပြောနိုင်ပါဘူး။

Ref: Android Authority