Counterpoint  ရဲ့ စစ်တမ်းအရ ၂၀၂၂ ခုနှစ်တုန်းကလိုပဲ ၂၀၂၃ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ၁၀ လုံးစာရင်းမှာ Apple iPhone ၇ လုံးပါဝင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ နောက်ထပ် ပါဝင်တဲ့ တစ်ခုထဲသော ကုမ္ပဏီက Samsung ဖြစ်ပြီး တန်ဖိုးနည်း Galaxy A Series စမတ်ဖုန်း ၃ လုံး ဖြစ်နေတာက ထူးခြားပါတယ်။

Top-10 best selling smartphones of 2023 (Canalys)

၂၀၂၂ ခုနှစ်မှာ ရောင်းချခဲ့ပေမယ့် iPhone 14 ဟာ ၂၀၂၃ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ရောင်းချရတဲ့ စုစုပေါင်း စမတ်ဖုန်း အားလုံးရဲ့ ၃.၉ ရာခိုင်နှုန်းရှိပါတယ်။ Counterpoint က iPhone 14 ရောင်းအားရဲ့ ထက်ဝက်က အမေရိကန်နဲ့ တရုတ်က ဖြစ်တယ်လို့ ပြောပါတယ်။ iPhone 14 Pro Max နဲ့ 14 Pro တို့က နံပါတ် ၂ နဲ့ နံပါတ် ၃ နေရာကို ရထားပါတယ်။ အဲဒီနောက်မှာ ၂၀၂၁ ခုနှစ်ထုတ် iPhone 13 ရှိနေပါတယ်။

Buy iPhone 13 - Apple (MY)

iPhone 15 Pro Max ဟာ ၂၀၂၃ ခုနှစ် ကွာတား ၄ မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ဖြစ်ခဲ့ပြီး အခုစာရင်းမှာ နံပါတ် ၅ နေရာကို ရထားပါတယ်။ iPhone 15 Pro က နံပါတ် ၆ နေရာကို သိမ်းပိုက်ထားပြီး နံပါတ် ၇ ကို iPhone 15 က ရထားပါတယ်။ စာရင်းမှာ ပါတဲ့ Samsung ရဲ့ ဖုန်း ၃ လုံးက Galaxy A14 5G , A04e နဲ့  A14 4G တို့ ဖြစ်ပါတယ်။

Counterpoint က ၂၀၂၄ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ အနည်းဆုံး တရုတ် ကုမ္ပဏီ ၁ ခု နဲ့ 5G ဖုန်းတွေ ပါလာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref : gsmarena