Galaxy S23 Series ရောင်းအားဟာ S22 မျိုးဆက်ထက် ပိုကောင်းခဲ့ပါတယ်။ အခုတော့ Galaxy S24 Series ရောင်းအားက ပိုကောင်းလာတယ်လို့ Counterpoint Research ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ S24 Series ဟာ Pre-order အားကောင်းခဲ့ပြီး စတင်ရောင်းချချိန်မှာလည်း တာထွက်ကောင်းခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ပထမ ကွာတားမှာ အလုံးရေ ၁၃ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

Samsung bets on generative AI to drive smartphone growth as it unveils Galaxy  S24 series

တစ်ကမ္ဘာလုံးမှာ Galaxy S24 Series ရောင်းအားဟာ ဇန်နဝါရီလ ၂၈ ရက်ကနေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ  S23 ထက် ၈ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။ ဒါဟာ အများကြီး မဟုတ်ပေမယ့် တချို့နိုင်ငံတွေမှာ ရောင်းအား အလွန်ကောင်းခဲ့ပါတယ်။

Samsung Galaxy S24 Ultra Will Reportedly Be Powered by Snapdragon 8 Gen 3:  All Details | Technology News

အနောက် ဥရောပ (ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်)မှာ Pre-order အားကောင်းခဲ့ပြီး ၂၈ ရာခိုင်နှုန်းတောင် တိုးတက်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ၂၂ ရာခိုင်နှုန်း ပိုများခဲ့ပြီး အမေရိကန်မှာ ၁၄ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။

S24 မော်ဒယ်တွေထဲမှာ ဒီနှစ်မှာ ရောင်းအား မျှတပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက S23 Ultra ဟာ ရောင်းအား စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ရှိပြီး S23 နဲ့ S23+ ဟာ ၂၀ ရာခိုင်နှုန်းစီ ရှိပါတယ်။

S24 Ultra ဟာ ရောင်းအား စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းနဲ့ S24 က ၂၇ ရာခိုင်နှုန်း ရှိပါတယ်။ S24+ ကတော့ ၂၁ ရာခိုင်နှုန်း ရှိပါတယ်။

Ref : gsmarena