[Zawgyi]

5G ကြန္ရက္စနစ္ဟာ ေတာ္ေတာ္ေလးကို ျမန္ဆန္တယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ သူရဲ႕ ျမန္ႏႈန္းကို သီအိုရီေတြအရ ခန္႔မွန္းတြက္ခ်က္လို႔ ရေပမယ့္ ဘယ္ေလာက္ထိျမန္ဆန္တယ္ဆိုတာကိုေတာ့ 5G ကြန္ရက္ကို လက္ထဲမွာ ကိုယ္တိုင္ ကိုယ္က် အသုံးမျပဳရေသးတဲ့အတြက္ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ ဒီေန႔မွာေတာ့ 5G ကြန္ရက္ရဲ႕ တကယ့္လက္ေတြ႕ဘဝထဲက ျမန္ႏႈန္းကို ေဖာ္ျပေပးတဲ့ ဗီဒီယိုတစ္ခုဟာ တြစ္တာကေန တစ္ဆင့္ ထြက္ေပၚလာခဲ့ပါတယ္။

အဆိုပါ ဗီဒီယိုကို Verizon မွာ Public Relations Manager အျဖစ္ တာဝန္ထမ္းေဆာင္ေနသူ George L. Koroneos က ဦးစြာ လႊင့္တင္လာခဲ့တာျဖစ္ၿပီး 5G ကြန္ရက္ရဲ႕ ျမန္ႏႈန္းကို SpeedTest Application နဲ႔ စမ္းသပ္ထားတာ ျဖစ္ပါတယ္။ Koroneos ဟာ Samsung Galaxy S10 5G အသုံးျပဳၿပီး 5G ကြန္ရက္ရဲ႕ ျမန္ႏႈန္းကို သူရဲ႕ ေဟာ္တယ္ေရွ႕မွာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းက စမ္းသပ္ခဲ့ပါတယ္။

ဗီဒီယိုထဲမွာ ပါတဲ့ စမ္းသပ္ခ်က္အရ Koroneos ရရွိခဲ့တဲ့ ရလဒ္ဟာ မဟားတရားကို ေကာင္းမြန္ေနခဲ့ၿပီး 5G ကြန္ရက္ရဲ႕ Download Speed က 1,000 Megabits per second (Mbps) အထက္ ေက်ာ္လြန္ခဲ့တဲ့အတြက္ SpeedTest Application ေတာင္မွ အဆိုပါ ကြန္ရက္စနစ္ရဲ႕ အျမင့္မားဆုံး ျမန္ႏႈန္းကို မတိုင္းတာႏိုင္ခဲ့ပါဘူး။ (1000Mbps ကို ကြၽန္ေတာ္တို႔ စမတ္ဖုန္းေတြမွာ ျပသေပးတဲ့ Network Speed (Megabyte per second) MB/s နဲ႔ ျပန္တြက္မယ္ဆိုရင္ 125MB/s ရရွိမွာျဖစ္ၿပီး၊ အဆိုပါ Speed နဲ႔ဆိုရင္ 2GB ပမာဏရွိတဲ့ FHD ဇာတ္ကား တစ္ကားကို ၁၆စကၠန္႔ ဝန္းက်င္နဲ႔ Download ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။)

Ref : MashableAsia

[Unicode]

လန်ပြန်ထွက်နေတဲ့ 5G ကွန်ရက်ရဲ့ မြန်နှုန်းကြောင့် မွေးကင်းစ ကလေးငယ်သဖွယ်ဖြစ်သွားတဲ့ 4G ကွန်ရက်

5G ကွန်ရက်စနစ်ဟာ တော်တော်လေးကို မြန်ဆန်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူရဲ့ မြန်နှုန်းကို သီအိုရီတွေအရ ခန့်မှန်းတွက်ချက်လို့ ရပေမယ့် ဘယ်လောက်ထိမြန်ဆန်တယ်ဆိုတာကိုတော့ 5G ကွန်ရက်ကို လက်ထဲမှာ ကိုယ်တိုင် ကိုယ်ကျ အသုံးမပြုရသေးတဲ့အတွက် အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ 5G ကွန်ရက်ရဲ့ တကယ့်လက်တွေ့ဘဝထဲက မြန်နှုန်းကို ဖော်ပြပေးတဲ့ ဗီဒီယိုတစ်ခုဟာ တွစ်တာကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုကို Verizon မှာ Public Relations Manager အဖြစ် တာဝန်ထမ်းဆောင်နေသူ George L. Koroneos က ဦးစွာ လွှင့်တင်လာခဲ့တာဖြစ်ပြီး 5G ကွန်ရက်ရဲ့ မြန်နှုန်းကို SpeedTest Application နဲ့ စမ်းသပ်ထားတာ ဖြစ်ပါတယ်။ Koroneos ဟာ Samsung Galaxy S10 5G အသုံးပြုပြီး 5G ကွန်ရက်ရဲ့ မြန်နှုန်းကို သူရဲ့ ဟော်တယ်ရှေ့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက စမ်းသပ်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ပါတဲ့ စမ်းသပ်ချက်အရ Koroneos ရရှိခဲ့တဲ့ ရလဒ်ဟာ မဟားတရားကို ကောင်းမွန်နေခဲ့ပြီး 5G ကွန်ရက်ရဲ့ Download Speed က 1,000 Megabits per second (Mbps) အထက် ကျော်လွန်ခဲ့တဲ့အတွက် SpeedTest Application တောင်မှ အဆိုပါ ကွန်ရက်စနစ်ရဲ့ အမြင့်မားဆုံး မြန်နှုန်းကို မတိုင်းတာနိုင်ခဲ့ပါဘူး။ (1000Mbps ကို ကျွန်တော်တို့ စမတ်ဖုန်းတွေမှာ ပြသပေးတဲ့ Network Speed (Megabyte per second) MB/s နဲ့ ပြန်တွက်မယ်ဆိုရင် 125MB/s ရရှိမှာဖြစ်ပြီး၊ အဆိုပါ Speed နဲ့ဆိုရင် 2GB ပမာဏရှိတဲ့ FHD ဇာတ်ကား တစ်ကားကို ၁၆စက္ကန့် ဝန်းကျင်နဲ့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။)

Ref : MashableAsia