သင့်အနေနဲ့ PayPal ကိုအသုံးမပြုဖူးရင်တောင် PayPal ကိုကြားဖူးမှာပါ။ Online Shop တွေ၊ Store တွေမှာ ဈေးဝယ်တဲ့အခါ Mastercard ၊ Visa စတာတွေနဲ့အတူ PayPal ကိုပါသတိထားမိကြမှာပါ။

Online မှာငွေပေးခြေတဲ့အခါ သင့်ဆီက ဘဏ်အကောင့်ကို Online ငွေချေတာကို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုခုနဲ့ ချိတ်ထားရပါတယ်။ အဲ့ဒီအထဲကမှ PayPal ဆိုတာ နေရာတော်တော်များများမှာ ရတဲ့ Online ငွေပေးချေရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုပါ။

သင့်ရဲ့ ဘဏ်အကောင့်ကို PayPal ဆီကိုပေးထားရင် PayPal က ကြားကနေ သင်ဝယ်လို့တဲ့ ကုမ္ပဏီကပစ္စည်းကို အလွယ်တစ်ကူဝယ်ပေးနိုင်ပါတယ်။ ငွေပေးခြေရာမှာလည်း လုံးခြုံစိတ်ချရအောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ အာမခံချက်တွေ သတ်မှတ်ပေးထားတာကြောင့် ယုံကြည်စွာ သုံးစွဲသူတွေများပါတယ်။

Visa နဲ့ Mastercard လိုမျိုးကုမ္ပဏီတွေကတော့ PayPal ရဲ့နည်းလမ်းနဲ့မတူညီပဲ ကွဲပြားနေတာက အားနည်းချက်တစ်ခုပါ။ သူတို့က Credit Card ကုမ္ပဏီတွေဖြစ်တာကြောင့် သင်သုံးမယ့် ငွေပမာဏကို ကြိုထည့်ထားရတာမျိုးဖြစ်တာကြောင့် PayPal ရဲ့နည်းလမ်းနဲ့ယှဉ်ရင် အလုပ်ပိုရှုတ်ပါတယ်။

အခုတော့ အဓိက Credit Card ကုမ္ပဏီကြီးတွေဖြစ်တဲ့ Visa, Mastercard, American Express နဲ့ Discover တို့က PayPal ကိုယှဉ်ပြိုင်နိုင်မယ့် Online Payment System တစ်ခုဖန်တီးဖို့အတွက် ပူးပေါင်းနေကြပါပြီ။ အခုလိုပူးပေါင်းလိုက်ရင် PayPal ကိုယှဉ်ပြိုင်နိုင်တဲ့ Online Payment စနစ်တစ်ခုထပ်ပေါ်ပေါက်လာမှာဖြစ်တဲ့အပြင် အရင်ကလို Credit Card အမျိုးမျိုးကွဲနေတာမျိုး ရှိတော့မှာမဟုတ်ပါဘူး။ Online ငွေချေစနစ်က ပိုမိုရိုးရှင်းလာပြီး လွယ်ကူလာတော့မှာပါ။

Visa, Mastercard စတာတွေကတော့ ပျောက်သွားမှာမဟုတ်ပဲ သင်ကိုင်ထားတဲ့ Card အတိုင်းပဲ Service တစ်ခုအောက်ကနေပြန်သွားမှာဖြစ်တာကြောင့် Check Out လုပ်တိုင်း Card ရွေးနေရတာမျိုးတွေ မရှိတော့တာကြောင့် အချိန်ကုန်သက်သာလာစေမှာပါ။ ပိုလည်းမြန်လာမှာဖြစ်တာကြောင့် PayPal အနေနဲ့တော့ ကြီးမားတဲ့ ယှဉ်ပြိုင်မှုကြီးနဲ့တွေ့ရတော့မှာပါ။