အင်တာနက် အခမဲ့ သုံးလို့ရတဲ့ Free Wi-Fi တွေနဲ့သုံးနေချိန်မှာ သတိထားရမယ့် ကိစ္စတွေရှိနေပါတယ်။ အခုဆိုရင် နေရာတော်တော်များများမှာ Free Wi-Fi တွေနေပါပြီ။ အင်တာနက်သုံးခလေးကုန်မှာစိုးတာနဲ့ ကိုယ့် ဘဏ်အကောင့်က ပိုက်ဆံတွေ ခိုးခံရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် Free Wi-Fi သုံးရင် သတိထားရမယ့် အကြောင်းအရင်းတွေကို ဝေမျှချင်ပါတယ်။

အင်တာနက် သို့ Mobile Banking ဒါမှမဟုတ် ဘဏ်အချက်အလက်တွေကို မရိုက်ထည့်ပါနဲ့။

Free Wifi သုံးနေရင်း ကိုယ့် ဘဏ်အကောင့်ကို Mobile Banking နဲ့ ၀င်ကြည့်တာမျိုး ဘဏ်အကောင့်နဲ့ချိတ်ပြီး အွန်လိုင်းကနေ ဈေးဝယ်တာမျိုးတွေက အရမ်း အန္တရာယ်များပါတယ်။ ကိုယ့် အကောင့်ကို ခိုးယူနိုင်ပြီး ကိုယ့်ပိုက်ဆံတွေကိုလည်း ခိုးထုတ်သွားနိုင်ပါတယ်။

လိုအပ်မှသာ Wi-Fi ခလုတ်ကို ဖွင့်ပါ။

Wi-Fi ခလုတ်ကို အမြဲတမ်းဖွင့်ထားရင် ဖုန်းဘက်ထရီခဏလေးနဲ့ ကုန်သွားတတ်ပါတယ်။ အဲ့ဒီအပြင် အင်တာနက် Wi-Fi မိတဲ့အချိန်ကျရင် အလိုလို ချိတ်ဆက်ပြီး ကြော်ငြာ အီးမေလ်တွေ ၀င်လာတတ်ပါတယ်။

ကိုယ့်ဖုန်းကို Wi-Fi Free Network ကို remember ဖြစ်အောင်မလုပ်ထားပါနဲ့

အများအားဖြင့် ဖုန်းတွေက တခါသုံးပြီးရင် အဲ့ဒီ Network ကို remember လုပ်ထားတတ်ကြပါတယ်။ အဲ့ဒီ Network ကနေ တစ်ဆင့် ကိုယ့်နာမည်၊ကိုယ်ရေးအချက်အလက် စတာတွေကို ယူထားလို့ရပါတယ်။

Antivirus Software ကောင်းကောင်းကို သုံးပါ

အထူးသဖြင့် ကွန်ပျုတာနဲ့ သုံးမယ်ဆိုရင် Antivirus Software နောက်ဆုံးပေါ်တွေကို သုံးထားပါ။ ကိုယ့် ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျုတာတွေ၊ ဖုန်းတွေကို ဟက် (Hack) မယ့် နည်းလမ်းအသစ်တွေက အမြဲလိုလို ပေါ်လာနေလို့ပါဘဲ။ Updated ဖြစ်တဲ့ Antivirus Software တွေက မမှန်ကန်တဲ့ Fake Hotspot Connections တွေကို ချိတ်မိရင် သတိပေးပါတယ်။

စိတ်ချရတဲ့ URL တွေကိုဘဲ သုံးပါ။

Website ရဲ့ လိပ်စာတွေဖြစ်တဲ့ URL တွေကို ရိုက်ထည့်ရာမှာ https: မှာ “s” ကို မကျန်ခဲ့ဖို့ အရေးကြီးပါတယ်။ https: က http: ထက်ပိုပြီး လုံခြုံမှုရှိပါတယ်။ Google လိုမျိုး Website တွေတောင် https: ကို အသုံးပြုကြပါတယ်။