[Unicode]

Gamer တွေ ရင်ခုန် စောင့်စားနေကြတဲ့ CD Projekt Red ရဲ့ Role-playing Game ဖြစ်တဲ့ Cyberpunk 2077 ကို မူလ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ ဧပြီလ ၁၆ ရက်ကနေ စက်တင်ဘာလ ၁၇ ရက်သို့ နောက်ဆုတ်လိုက်ပါပြီ။ CD Projekt Red က “ Game ကို ဖန်တီးပြီးပြီ ဖြစ်ပြီး ကစားလို့တော့ ရပါပြီ။ ဒါပေမယ့် ဆက်လုပ်ဖို့ ကျန်နေပါသေးတယ်။ “ လို့ တွစ်တာမှာ နောက်ဆုတ် ရတဲ့ အကြောင်းကို မျှဝေထားပါဘယ်။

“ Night City ဟာ အရမ်းကြီးမားပြီး ဇာတ်လမ်းတွေ၊ Content နဲ့ လည်ပတ်စရာ တည်နေရာတွေ အများကြီးပါပါတယ်။ ဒါပေမယ့် အရမ်း ရှုပ်ထွေးတဲ့အတွက် စမ်းသပ်ကစားဖို့၊ ပြင်ဆင်ဖို့နဲ့ အချောသတ်ဖို့ ကျွန်တော်တို့ အချိန် ပိုလိုအပ်နေပါသေးတယ်။ Cyberpunk 2077 ကို ဒီခေတ် Gamer တွေကြားမှာ ရေပန်းစားအောင် ပြုလုပ်ချင်တဲ့အတွက် လအနည်းငယ်နောက်ဆုတ်လိုက်ပါတယ်။ “ လို့ Game Studio က ပြောပါတယ်။

Cyberpunk 2077 ကို ၂၀၁၃ ခုနှစ်ထဲက ဖန်တီးနေတာ ဖြစ်ပြီး CD Projekt Red က ပြီးခဲ့တဲ့ နှစ်ကမှ အဲဒီ Game အကြောင်းကို အသိပေးခဲ့တာပါ။ သိပ္ပံဆန်ဆန် စက်ပစ္စည်းတွေ၊ ခန္တာကိုယ် အစိတ်အပိုင်းတွေ၊ ယာဉ်တွေ၊ ဇာတ်လမ်းတွေနဲ့ ချစ်မှုရေးရာတွေ ပါဝင်မှာပါ။ အဲဒီလို လုပ်ဆောင်ချက်တွေ အများကြီးပါတဲ့အတွက် ပြည့်စုံကောင်းမွန်အောင် အချိန်ပေးဖို့ လိုပါသေးတယ်။

Cyberpunk 2077 ရဲ့ Multiplayer ကစားနိုင်တဲ့ လုပ်ဆောင်ချက်ကို Free Add-ons တွေနဲ့အတူ မူလက ဧပြီလမှာ ထည့်သွင်းပေးဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမယ့် Game ကို ကြေညာပြီးနောက်မှာ CD Projekt Red က Multiplayer ကစားနိုင်တဲ့ လုပ်ဆောင်ချက်ကို ၂၀၂၁ ခုနှစ် မတိုင်ခင် ထည့်သွင်းပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ စက်တင်ဘာလ နီးလာတာနဲ့အမျှ Update တွေ ပိုထည့်ပေးမယ်လို့ Studio က အသိပေးထားပါတယ်။

Ref : theverge

[Zawgyi]

Cyberpunk 2077 ဖြန့်ချိမယ့်နေ့ကို စက်တင်ဘာလ ၁၇ ရက်သို့ နောက်ဆုတ်