အခုအချိန်မှာ Android နဲ့ iOS လိုမျိုး အဓိကစမတ်ဖုန်း Operating System တွေအပြင် Social Media App တွေ၊ Messaging App တွေအကုန်လုံးနီးပါးကလည်း Dark Mode ကို Support ပေးလာပြီဖြစ်ပါတယ်။ ဒါပေမယ့် Facebook ကတော့ Dark Mode ကို ထုတ်ပေးမယ်လို့ ပြောကြားခဲ့ပေမယ့် အခုအချိန်အထိ Update ပြုလုပ်ပေးခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ Facebook ကနေ Low End စမတ်ဖုန်းတွေအတွက် Feature အချို့လျော့ထားတဲ့ Facebook Lite App ကို Dark Mode ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် သာမန် Facebook App အစား စမတ်ဖုန်းအနိမ့်တွေနဲ့ နှေးကွေးတဲ့ အင်တာနက်ပဲရရှိတဲ့နေရာတွေအတွက် ထုတ်ပေးထားတဲ့ Facebook Lite App က အရင်စောပြီး Feature အသစ်ကို ရရှိတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook ကနေ ပိုင်ဆိုင်တဲ့ App တွေဖြစ်တဲ့ WhasApp ၊ Instagram နဲ့ Messenger လိုမျိုး App တွေအကုန်လုံးမှာတောင် Dark Mode ရရှိနေပြီဖြစ်တဲ့အတွက် ပုံမှန် Facebook App မှာ Dark Mode ရရှိဖို့ကလည်း နီးစပ်နေပြီလို့ ယူဆရမှာပါ။ လက်ရှိအချိန်မှာ Web Version အတွက်လည်း Facebook ကနေ Dark Mode အပါအဝင် UI ပြောင်းလဲမှုအများအပြားကို Beta အနေနဲ့ စမ်းသပ်နေတာလည်းဖြစ်ပါတယ်။

အခုလက်ရှိမှာတချို့သော Realme လိုမျိုးဖုန်းတွေရဲ့ System Dark Mode က Facebook ကိုပါ Dark Mode အနေနဲ့ သုံးစွဲလို့ရတယ်ဆိုပေမယ့် တရားဝင်ထုတ်ပေးတဲ့အချိန်ကြရင်တော့ သိသိသာသာကို ပိုပြီးအဆင်ပြေမယ်လို့ ယူဆရပါတယ်။

Ref – XDA-Developers