ယခုလက်ရှိမှာတော့ ဖေ့ဘွတ်ရဲ့အခြေအနေဟာ တော်တော်လေးကို ဆိုးရွားနေပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ Cambridge Analytica အဖြစ်အပျက်ကြောင့် လူအချို့ဟာ ဖေဘွတ်ကို စွန့်ခွာလာခဲ့ပါပြီ။ Facebook ဟာ သူတို့တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူနေတယ်လို့ ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။ ထိုကိစ္စတွေအပြီးမှာ မတ်ဇူကာဘတ်အနေနဲ့လည်း သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပိုမိုထိန်းသိမ်းပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Source: http://www.pulselive.co.ke

ဖေ့ဘွတ်ဟာ မကြာသေမီရက်ပိုင်းက လူတွေရဲ့ Messenger ကိုစောင့်ကြည့်ခဲ့ကြောင်း တရားဝင်ဝန်ခံခဲ့ပါတယ်။ မတ်ဇူကာဘတ်အနေနဲ့လည်း သုံးစွဲသူတွေစိတ်ကျေနပ်မှုရရှိစေရန်အတွက် ဖေ့ဘွတ် Messenger မှစာများကို မကြာမီရက်ပိုင်းအတွင်း သုံးစွဲသူတွေအနေနဲ့ ဖျတ်ပစ်နိုင်မယ်ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ Messenger မှပြောထားသောစာများကို တစ်ဖတ်လူကဖျတ်ပစ်ခဲ့ရင်တောင် နောက်တစ်ဖတ်မှာတော့ ပေါ်မြဲပေါ်ဆဲပါ။ နောက်လာမည့် Update အသစ်မှာတော့ ထိုလိုအဖြစ်မျိုးမရှိဘဲ ဒီဘက်က စာကိုဖျက်ပစ်လိုက်ပါက ဟိုဘက် Sever တွင်ပါ စာကို အလိုအလျောက်ဖျက်ပစ်သွားမှာပါ။

Source: mashable.com

ဖေ့ဘွတ်ရဲ့ Messenger အပေါ်ထားရှိမည့် မူဝါဒအသစ်ကကောင်းမွန်လှပါတယ်။ အဆိုပါအချက်ကြောင့် သုံးစွဲသူတွေအနေနဲ့ ဖေ့ဘွတ်ကိုပိုမိုယုံကြည်ပြီး ပြန်လည်သုံးစွဲလာမည်လို့ ခန့်မှန်းရပါတယ်။

မတ်ဇူကာဘတ်အနေနဲ့ အဆိုပါ System ကို Messenger တွင် မကြာမီထည့်သွင်းပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။