Laptop တစ်လုံးကို အသစ်ဝယ်ယူဖို့ရွေးချယ်ပြီဆိုရင် ရုတ်တရက်ကြည့်လိုက်ရင် လွယ်ကူသလောက် တကယ်တမ်းမှာ ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ Laptop တစ်လုံးကို ရှာတွေ့ဖို့က အလွန်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုရင် စွမ်းဆောင်ရည်အမြင့်မားဆုံး Laptop တွေကို ရွေးချယ်မယ်ဆိုရင်လည်း သယ်ရတာလေးပြီး ထူထဲတဲ့ Gaming Laptop တွေဖြစ်နေတာမျိုး၊ Battery Life ပိုင်းအားနည်းနေတာကြောင့် အလုပ်လုပ်ဖို့ အဆင်မပြေတာမျိုးတွေဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ကိုယ်က ကျောင်းတက်တဲ့အချိန်မှာပဲ ကျောင်းစာတွေကောင်းကောင်းလုပ်ဖို့သုံးမယ်၊ ဒါမှမဟုတ် ရုံးလုပ်ငန်းတွေကိုပဲ ကောင်းကောင်းအသုံးပြုနိုင်ဖို့လိုအပ်တယ်ဆိုရင် စွမ်းဆောင်ရည်အကောင်းဆုံး Laptop တွေထက် ဘက်စုံကောင်းမွန်တဲ့ Laptop တစ်လုံးက ပိုပြီး အသုံးတည့်မှာဖြစ်ပါတယ်။ ဒီနေရာမှာ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့် Laptop တစ်လုံးရှိနေပါပြီ။ ဒါကတော့ Dell ကနေ ထုတ်လုပ်ထားတဲ့ Inspiron 5620 Laptop ပဲဖြစ်ပါတယ်။

ဘာကြောင့် Dell Inspiron 16 5620 Laptop ဟာ ဘက်စုံအသုံးပြုချင်တဲ့သူတွေအတွက် သင့်တော်သလဲဆိုရင်တော့ နောက်ဆုံးထွက် 12th Generation Processor တွေကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ ဒီလိုမျိုး နောက်ဆုံးပေါ် 12th Generation Processor တွေကို အသုံးပြုထားတာကြောင့် ဘယ်လိုမျိုး အသုံးပြုမှုတွေပဲဖြစ်ဖြစ် စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးဖြစ်နေစေမှာပါ။ အထူးသဖြင့် Web Page တွေ အများအပြားဖွင့်ပြီး စာလုပ်ဖို့လိုအပ်တဲ့ကျောင်းသားတွေ၊ Office Software တွေအများအပြားကို တစ်ပြိုင်တည်းဖွင့်ပြီး အလုပ်လုပ်နေရတဲ့ရုံးဝန်ထမ်းတွေအနေနဲ့ အခုလိုမျိုး 12th Generation Intel® Core™ i5 Processor တွေက လိုက်ဖက်ညီနေဦးမှာပါ။

နောက်ထပ်တစ်ချက်ကတော့ Dell Inspiron 5620 Laptop ဟာ 16″ Display ကို အသုံးပြုထားပြီး 16:10 Aspect Ratio အပြင် ပါးလွှာတဲ့ဘေးဘောင်တွေလည်းပါဝင်တာကြောင့် ကြည့်ရတဲ့မြင်ကွင်းက ကျယ်ဝန်းပြီး Immersive ဖြစ်တဲ့ ခံစားမှုကို ရရှိစေမှာဖြစ်ပါတယ်။ Specification ပိုင်းမှာလည်း Full HD+ Resolution ၊ 250nits Brightness တွေကို ထောက်ပံ့ထားသလို အလင်းရောင်ပြန်ဟပ်တာကို လျော့ချပေးနိုင်တဲ့ Anti-Glare Feature လည်းပါဝင်တာကြောင့် အပြင်မှာ အလုပ်လုပ်တဲ့အချိန်တွေ၊ မီးအလင်းရောင်အောက်မှာ အလုပ်လုပ်ဖို့အတွက်လည်း အထူးသင့်တော်မှာဖြစ်ပါတယ်။ ဒါ့အပြင် Dell Inspiron 5620 ဟာ အလားတူစျေးနှုန်းဝန်းကျင် Laptop တွေထဲမှာ ရှားပါးတဲ့ 16″ Display ကို အသုံးပြုထားတာကြောင့် တခြားသော Laptop တွေထက် Web Page တွေ၊ Office Application တွေကို ပိုမိုပြသနိုင်ပြီး ပိုမို Productive ဖြစ်စေမှာပါ။ ဒါက Dell Inspiron 5620 Laptop ကို ပိုပြီးရွေးချယ်သင့်တဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ။

Dell Inspiron 5620 Laptop ဟာ အချိန်အကြာကြီး စာလုပ်ရတဲ့ကျောင်းသားတွေ၊ အလုပ်လုပ်နေရတဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ Laptop တစ်လုံးဖြစ်တာကြောင့် အသုံးပြုနေတုန်း Heat တက်ခြင်းမရှိအောင်လည်း Air Vent ကို သီးသန့်ထည့်သွင်းပေးထားပါသေးတယ်။ အလုပ်ခွင်မှာ Data အကူးအပြောင်းအတွက် အဆင်ပြေစေဖို့လည်း Full Size SD Slot လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါက အလုပ်လုပ်နေရတဲ့သူတွေပဲဖြစ်ဖြစ်၊ ကျောင်းသားတွေပဲဖြစ်ဖြစ် တခြားသော Laptop တွေမှာ အမြဲကြုံတွေ့ရတဲ့ Dongle ကျန်ခဲ့တဲ့ပြဿနာကို ဖြေရှင်းပြီးသားလည်းဖြစ်သွားပါပြီ။

အလုပ်ခွင်နဲ့ ကျောင်းတက်နေတဲ့အချိန်မှာ နောက်ထပ်အရေးကြီးပြီး အမြဲတမ်းလိုအပ်တဲ့အချက်တစ်ခုကတော့ Online Learning နဲ့ Video Conferencing တွေကို ပြုလုပ်တဲ့အချိန်မှာ ကိုယ့် Laptop က Webcam နဲ့ Microphone ကောင်းမွန်ဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Laptop အများစုမှာပါဝင်တဲ့ Webcam ဟာ 720p HD Camera ကိုပဲ တပ်ဆင်ထားပေမယ့် Dell Inspiron 5620 မှာတော့ Full HD 30fps Webcam ကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ရုပ်ထွက်အရည်အသွေးဟာ တခြားသော Laptop တွေထက် အမြဲတမ်း ပိုကြည်လင်ပြတ်သားနေမှာဖြစ်ပြီး အလင်းရောင်နည်းပါးတဲ့အခြေအနေတွေမှာလည်း စိတ်ပူဖို့လိုအပ်မှာမဟုတ်ပါဘူး။ Microphone အတွက်လည်း Dual-array Microphones တွေကို ထည့်သွင်းပေးထားတာကြောင့် ဘယ်လိုအခြေအနေမှာမဆို အသံကို အကောင်းဆုံးဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Dell Inspiron 5620 Laptop ရဲ့ Power Button ဟာ စိတ်အပိတ်အဖွင့်အတွက်တင် မဟုတ်ဘဲ Fingerprint Sensor ကိုပါ ထည့်သွင်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့် စက်ဖွင့်ဖို့အတွက် Power Button ကို နှိပ်လိုက်တာနဲ့ Fingerprint ကို သိရှိဖတ်ရှုပြီးဖြစ်တာကြောင့် Password ထပ်ရိုက်စရာမလိုဘဲ တန်းပြီး အသုံးပြုနိုင်မှာပါ။ ဒီလိုမျိုး Fingerprint Sensor ပါဝင်တာကလည်း အလုပ်ခွင်ပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် Password ရိုက်နေစရာမလိုဘဲ ဝင်ရောက်နိုင်တာကြောင့် ပိုပြီး လုံခြုံမြန်ဆန်စေမှာဖြစ်ပါတယ်။

Dell Inspiron 5620 Laptop ဟာ 54Wh Battery ပါဝင်ပြီးတော့ ပုံမှန်တစ်နေ့တာအသုံးပြုမှုတွေကို စိတ်ချလက်ချသုံးနိုင်စေမှာပါ။ ပြန်လည်အားသွင်းတဲ့အချိန်မှာလည်း ExpressCharge™ နည်းပညာကြောင့် တစ်နာရီအတွင်း 80% အထိ အားပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော Wi-Fi 6E ၊ Bluetooth 5.2 LE လိုမျိုး နောက်ဆုံးပေါ် နည်းပညာတွေ၊ အသံပိုင်းအတွက် အရည်အသွေးမြင့်မားတဲ့ Waves MaxxAudio® Pro နည်းပညာပါဝင်တဲ့ Stereo Speakers တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အကောင်းဆုံးအချက်ကတော့ Dell Inspiron 5620 Laptop ဟာ Windows 11 Home License Version ကို Lifetime ပါဝင်မှာဖြစ်သလို Office Home and Students 2021 ကိုလည်း တစ်သက်တာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရုံးအတွက်၊ ကျောင်းအတွက်လိုအပ်တဲ့ Word ၊ Excel ၊ PowerPoint လိုမျိုး Software တွေကို Error တွေ၊ Bug တွေတက်မှာစိတ်ပူစရာမလိုဘဲ License Version ကို တရားဝင် ထပ်မံဝယ်ယူစရာမလိုအပ်ဘဲ အသုံးပြုနိုင်မှာပါ။ ဒါက ရေရှည်အသုံးပြုလိုတဲ့သူတွေအတွက် အသုံးအဝင်ဆုံး Feature တစ်ခုလည်းဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ အခုလိုမျိုး Dell Inspiron 5620 အပြင် Dell Laptop တွေကို ဝယ်ယူမယ်ဆိုရင် အခုလို Software ပိုင်း၊ Warranty ပိုင်း စစ်မှန်တဲ့ခံစားခွင့်တွေကို ရရှိစေဖို့အတွက် Dell Authorized Reseller ဆိုင်ကြီးတွေမှာပဲ ဝယ်ယူဖို့လိုအပ်ပါတယ်။ ပစ္စည်းစစ်မှန်မှုရှိမရှိကိုလည်း Laptop မှာပါဝင်တဲ့ Laser Hologram ကနေတစ်ဆင့် စစ်ဆေးနိုင်ပါတယ်။ စစ်မှန်တဲ့အရောင်းဆိုင်တွေကနေ ဝယ်ယူတာက ရေရှည်မှာ စိတ်ချမ်းသာမှုကို ရရှိစေမှာပါ။

Dell Authorized Resellers list ကို ဒီလင့်ခ် (https://bit.ly/3AQIRjO) ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ Dell Inspiron 5620 အကြောင်းကို အသေးစိတ် ပိုသိချင်တယ်ဆိုရင်တော့ ဒီလင့်ခ် (https://dell.to/3Qx3IhY) မှာ လေ့လာနိုင်ပါတယ်။