အခုလိုမျိူး Digital ခေတ်မှာ လူတိုင်းဟာ သူတို့ လုပ်ချင်တာတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့အတွက် နည်းပညာအကူအညီတွေကို များစွာလိုအပ်နေပါတယ်။ အခုဆိုရင် ကျောင်းသားတွေဟာ Online ကနေ သင်တန်းတွေတက်ပြီး ပညာသင်ကြားတာမျိူးကို ပိုပြီးလုပ်လာကြသလို လူတွေဟာလည်း Online ပေါ်ကနေပဲ အလုပ်လုပ်လာကြပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ကစလို့ လက်ရှိအချိန်ထိ Online ကနေပဲ စီးပွားရေးကိစ္စတွေ ဆောင်ရွက်ပြောဆိုတာ၊ Online ပေါ်မှာ Meeting လုပ်တာမျိူးတွေက ပိုမိုများပြားလာပါတယ်။ ဒီလိုမျိူး Online ကိုပဲ မှီခိုအားထားပြုရတဲ့ အလုပ်တွေ များလာတဲ့အခါမှာ လူတွေဟာ သူတို့အတွက် အစစအရာရာ အဆင်ပြေစေမယ့် အရာတွေကို တောင့်တလာကြပါတယ်။ အဲ့ဒီအတွက် Laptop တွေဟာ Online ကိုပဲ မှီခိုအားထားပြုနေရတဲ့ ကျောင်းသားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခု ဖြစ်လာပါတော့တယ်။

ဒီနေရာမှာ သယ်သွားရလွယ်ကူတဲ့ Laptop တွေက ပိုပြီးရွေးချယ်သင့်ပြီးတော့ ဖြစ်နိုင်ရင် အရွယ်အစားအရမ်းမကြီးဘဲ ပေါ့ပါးဖို့ကလည်း လိုအပ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်ဖို့လိုအပ်သလို အားသွင်းတဲ့အချိန်ကလည်း 0% ကနေ 80% အထိကို တစ်နာရီအတွင်း ဖြည့်သွင်းပေးနိုင်တဲ့အထိ မြန်ဆန်မယ်ဆိုရင် ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။ 

နာမည်ကြီး US Brand ဖြစ်တဲ့ Dell ကတော့ စျေးနှုန်းအသင့်အတင့်နဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Laptop တွေကို ရောင်းချပေးနေပြီဖြစ်ပါတယ်။ Dell Laptop Series တွေ အားလုံးထဲကမှ အလုပ်အတွက်ရော၊ သင်ကြားရေးပိုင်းအတွက်ရော သင့်လျော်တဲ့ Laptop Series ကတော့ Dell Laptop User တွေ အကျွမ်းတဝင်ရှိပြီး ရင်းနှီးပြီးသားဖြစ်မယ့် Inspiron 14 Series Laptop တွေပဲ ဖြစ်ပါတယ်။

Dell Inspiron 14 series ထဲက Inspiron 5406 ဟာ Design ပိုင်းမှာ Minimal ဖြစ်အောင် ပြုလုပ်ထားပြီး ရုံးအတွက်ပဲဖြစ်ဖြစ်၊ ကျောင်းအတွက်ပဲဖြစ်ဖြစ် လှပပြီး ရိုးရှင်းနေစေမှာဖြစ်ပါတယ်။ အခု Inspiron 5406 Laptop မှာဆိုရင် Laptop Display ကို ဖွင့်လိုက်တာနဲ့ Keyboard ကို အနည်းငယ်မြှင့်ပေးနိုင်တဲ့ Lift Hinge ထည့်သွင်းပေးထားတာကြောင့် စာရိုက်ရပိုပြီး အဆင်ပြေမှာဖြစ်သလို Cooling ပိုင်းကိုလည်း ပိုပြီး ကောင်းမွန်စေမှာဖြစ်ပါတယ်။ 

Design ပိုင်းတင်လှပတာမဟုတ်ဘဲ ကိုယ်ထည်ကိုလည်း Aluminum Material တွေကို အသုံးပြုထားတဲ့အတွက် ခိုင်ခံ့မှုကို ကိုင်လိုက်တာနဲ့ သိနိုင်မှာဖြစ်ပါတယ်။ Touchpad ကိုလည်း Diamond-cut Design ပြုလုပ်ပေးထားပြီး ပုံမှန် Laptop တွေထက် အရွယ်အစားပိုကြီးမားအောင် ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Inspiron 5406 Laptop တွေရဲ့ နောက်ထပ် အားသာချက်ကတော့ ရုံးသုံး၊ ကျောင်းသုံးအဆင်ပြေတဲ့ 14” Full HD Display ကိုပဲ အသုံးပြုထားတာဖြစ်ပေမယ့် Laptop ရဲ့ အရွယ်အစားက Ultrabook တစ်လုံးနီးပါး သေးငယ်နေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်နေတာကလည်း ဘေးဘောင်ပျောက်လုနီးပါး Screen-to-Body Ratio ကြောင့်ဖြစ်သလို အထူ 18mm အောက်နဲ့ အလေးချိန်လည်း 1.4Kg အောက်ပဲရှိနေတာကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Inspiron 5406 Laptop နဲ့ဆိုရင် ဘယ်ကိုပဲဖြစ်ဖြစ် အလွယ်တကူသယ်သွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 2-in-1 Laptop တွေရဲ့ အားသာချက်ဖြစ်တဲ့ Laptop Mode, Tablet Mode, Tent Mode နဲ့ Stand Mode တွေလည်း ထောက်ပံ့ပေးထားတာကြောင့် Laptop လိုပဲသုံးသုံး၊ Tablet လိုပဲသုံးသုံး  အဆင်ပြေသလို စိတ်ကြိုက်သုံးနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရုံးလုပ်ငန်းတွေအတွက် Presentation တွေပဲလုပ်မလား၊ အိပ်ယာပေါ်ကနေ ရုပ်ရှင်ပဲ ကြည့်မလား၊ မီးဖိုချောင်မှာ ဟင်းချက်ရင်း အလုပ်လုပ်မလား Inspiron 5406 နဲ့ဆိုရင် ကြိုက်တဲ့ Folding Mode နဲ့ စတိုင်ကျကျ အေးဆေး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာလည်း Dell Inspiron 5406 Laptop တွေဟာ Intel ရဲ့ နောက်ဆုံးထွက်  11th Gen Intel® Core Processors  တွေကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ Inspiron 5406 ကို Intel® Core™ i5 processor ဒါမှမဟုတ် Intel® Core™ i7 processor ရွေးချယ်နိုင်ပြီး တချို့သော Model တွေမှာဆိုရင် Discrete Graphic Card တွေနဲ့ပါ ယှဥ်ပြိုင်နိုင်တဲ့ Intel® Iris® Xe Graphics ပါဝင်တဲ့အတွက် CPU ပိုင်းတင်မဟုတ်ဘဲ GPU ပိုင်းမှာပါ လုံးဝအားနည်းနေမှာမဟုတ်ပါဘူး။ RAM အနေနဲ့ကလည်း 8GB 3200MHz DDR4 ကနေစတင်ရွေးချယ်နိုင်သလို PCle SSDs ကိုပဲ အသုံးပြုထားတဲ့အတွက် Windows တက်တဲ့အချိန်၊ Application တွေအသုံးပြုနေတဲ့အချိန်မှာ Hang သွားခြင်း၊ Lag သွားခြင်းမရှိဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်ပြီး Dell Inspiron 5406 ရဲ့ အားသာချက်ကတော့ လက်ရှိ High End စမတ်ဖုန်းတွေလိုမျိုးပဲ Fast Charging ကို Support ပြုလုပ်ထားပါတယ်။ Dell ကတော့ ဒီ Fast Charging နည်းပညာကို ExpressCharge™ (https://dell.to/3vJUEMl) လို့ ခေါ်ဆိုထားပြီး မိနစ် ၆၀ အတွင်းမှာ 0-80% အထိ အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါကလည်း တခြားသော Laptop တွေနဲ့ ယှဥ်မယ်ဆိုရင် တကယ်ကို အဆင်ပြေပြီး အားသာနေမှာပါ။ 

ကျန်တဲ့ Feature တွေအနေနဲ့ဆိုရင် Power Button မှာ Fingerprint Sensor ကို ထည့်သွင်းထားတဲ့အတွက် လုံခြုံပြီး လျင်မြန်စွာ Access လုပ်နိုင်မှာလဲဖြစ်ပါတယ်။ Optional Backlit Keyboard ကလည်း ညဘက်တွေ စာရိုက်တတ်တဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။ ဒါတင်မဟုတ်သေးဘဲ ကိုယ့်ရဲ့ အသုံးပြုမှုပေါ်မှုတည်ပြီးတော့ Power စားသုံးမှုကို စိတ်ကြိုက် Profile သတ်မှတ်နိုင်တဲ့ Dell Power Manager ၊ Streaming Service တွေက ဘယ်ရုပ်ရှင်တွေပြနေလဲဆိုတာကို သိနိုင်မယ့် Dell Cinema Guide ၊ ဖုန်းနဲ့ ချိတ်ဆက်ပြီး File Transfer ပြုလုပ်တာတွေ၊ ဖုန်း Screen ကို Laptop မှာ Mirror အနေနဲ့ ပြသဖို့အတွက် Dell Mobile Connect လိုမျိုး Feature တွေအများကြီးပါဝင်ဦးမှာပါ။ အဲ့ဒီအတွက် Dell Inspiron 5406 Laptop ကိုအသုံးပြုမယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်နိုင်မှာ အသေအချာပါပဲ။ 

နောက်ပြီး Dell ကနေပြီးတော့ “BE SMART, BUY SMART အစီအစဉ်လေးကို ဝယ်ယူအားပေးသူတွေအနေနဲ့  စစ်မှန်တဲ့အရည်အသွေးနဲ့ စစ်မှန်တဲ့ထုတ်ကုန်တွေကို ဝယ်ယူရရှိနိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး Dell Inspiron 5406 Laptop ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် ယခု Website Link (https://bit.ly/3bXiooY) မှာရှိတဲ့ Dell Authorized Reseller ဆိုင်ကြီးတွေထဲက နီးစပ်ရာဆိုင်မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တစ်ခုအရေးကြီးတာက မဝယ်ယူခင်မှာ Laptop ပေါ်မှာရှိတဲ့ Dell Hologram Sticker ကို စစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါမှပဲ နောက်ပိုင်း After Sale Service တွေအပြင် တခြားသော Warranty ပိုင်းဆိုင်ရာခံစားခွင့်တွေကို အပြည့်ရရှိမှာဖြစ်ပါတယ်နော်။

Inspiron 5406 အကြောင်း အသေးစိတ်သိရှိရန် – https://www.dell.com/en-us/shop/dell-laptops/inspiron-14-2-in-1-laptop/spd/inspiron-14-5406-2-in-1-laptop