အခုချိန်မှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေအများစုဟာ ရုံးခန်းမှာထက် ကိုယ့်နေအိမ်မှာပဲ အလုပ်လုပ်နေကြတာ ပိုများနေပါတယ်။ ဒီလိုမျိုး Work From Home အလုပ်လုပ်ပေမယ့် ကိုယ့်ဆီမှာ အလုပ်အတွက်အဆင်ပြေတဲ့ Laptop ဒါမှမဟုတ် Desktop မရှိတာမျိုး၊ အဆင်မပြေတာမျိုးတွေလည်း ရှိကြမှာပါ။

အခု Article မှာတော့ Work From Home အလုပ်လုပ်နေရတာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ လုပ်ငန်းတစ်ခုခုကို စတင်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် အဆင်ပြေတဲ့ Laptop နဲ့ Desktop PC တွေကို ပြောပြသွားမှာဖြစ်ပါတယ်။ ဒါကတော့ Dell ကနေ အသစ်ထုတ်လုပ်ထားတဲ့ Vostro Series Laptop နဲ့ Desktop တွေပဲဖြစ်ပါတယ်။

Dell Vostro Series ဟာ ယခင်ထဲက Business ပိုင်းအသုံးပြုဖို့အတွက် အောင်မြင်နေတဲ့ Series တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ Productivity ကို မြှင့်တင်ဖို့အတွက် ရွေးချယ်ဖို့သင့်တော်ပါတယ်။ Dell Vostro Series မှာဆိုရင် Laptop တွေအနေနဲ့ Vostro 3400 နဲ့ Vostro 3500 ဆိုပြီး ၂ မျိုးရွေးချယ်နိုင်သလို Desktop PC မှ ဆိုတဲ့သူတွေအတွက်လည်း Vostro 3888 ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး Dell Vostro Laptop တွေကို ပြောရမယ်ဆိုရင် Intel ရဲ့ နောက်ဆုံးထွက် 11th Gen Core-i5 Processor တွေကိုအသုံးပြုထားပြီး ယခင်ထက် Graphic ပိုင်းမှာ စွမ်းဆောင်ရည်အများကြီးပိုကောင်းလာတဲ့ Intel Iris Xe Graphics ကိုလည်း ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ RAM အနေနဲ့ကလည်း 4GB ကနေ စတင်ရွေးချယ်နိုင်သလို ပုံမှန် HDD အပြင် လုပ်ငန်းတွေ ပိုမိုမြန်ဆန်နေစေဖို့အတွက် PCIe SSD ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး စွမ်းဆောင်ရည်ပိုင်းကို နောက်ဆုံးထွက် နည်းပညာတွေနဲ့ အသုံးပြုထားတဲ့အတွက် ပုံမှန်ရုံးအလုပ်တွေကို ယခင်ထက်ပိုပြီး မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်မှာ သေချာပါတယ်။ Dell Vostro 3500 Laptop တွေမှာဆိုရင် Keyboard မှာ Numpad ကိုပါ ထည့်သွင်းပေးထားတာဖြစ်တဲ့အတွက် Excel နဲ့ စာရင်းတွေတွက်ချက်ဖို့ ပိုပြီးအသုံးဝင်စေဦးမှာပါ။

Image – Dell Vostro 3400

အလုပ်အတွက် အဆင်ပြေစေဖို့က စွမ်းဆောင်ရည်ပိုင်းတင်မဟုတ်ဘဲ Display ကလည်း ကောင်းမွန်ဖို့လိုအပ်ပါသေးတယ်။ ဒါမှလည်း အချိန်ကြာကြာ ကြည့်ရှုတဲ့အချိန်မှာ မျက်လုံးထိခိုက်မှုသက်သာမှာဖြစ်သလို Presentation ပြုလုပ်တဲ့အချိန်မှာလည်း တဖက်သူက အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Dell Vostro 3400 နဲ့ 3500 Laptop ၂ မျိုးလုံးမှာ Full HD Resolution ရှိတဲ့ Display ကို ထည့်သွင်းပေးထားပါတယ်။ Vostro 3400 မှာဆိုရင် 14” Screen Size နဲ့ Vostro 3500 မှာ ပိုမိုကြီးမားတဲ့ 15.6” Screen Size ရှိမှာဖြစ်ပါတယ်။ Vostro Laptop ၂ မျိုးစလုံးမှာ ဘေးဘက်ဘောင် ၂ ဖက်ကို ပါးလွှာအောင် ပြုလုပ်ထားတဲ့အတွက် ပုံမှန် Laptop တွေထက်ပိုပြီး အရွယ်အစားသေးငယ်နေဦးမှာပါ။

Battery ပိုင်းမှာလည်း Dell Vostro 3400 နဲ့ 3500 Laptop ၂ မျိုးစလုံးမှာ 42WHr 3-Cell Battery ကို အသုံးပြုပေးထားပါတယ်။ အဲ့ဒါကြောင့် Battery နဲ့အသုံးပြုမယ်ဆိုရင်လည်း ကြာရှည်အသုံးခံမှာဖြစ်သလို Dell ExpressCharge နည်းပညာပါဝင်တဲ့အတွက် အားပြန်သွင်းမယ်ဆိုရင်လည်း 0-80% ကို ၁ နာရီအတွင်း အားသွင်းနိုင်ဦးမှာပါ။ ဒီအချက်ကတော့ မီးခဏခဏပျက်တာပဲဖြစ်ဖြစ်၊ မကြာခဏ အပြင်သွားနေရတဲ့သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။

Image – Dell Vostro 3500

ကျန်တဲ့ Feature တွေအနေနဲ့ဆိုရင် Dual Stereo Speakers ၊ 2x USB 3.2 Gen 1 ၊ 1x USB 2.0 ၊ HDMI 1.4 ၊ Headset Jack ၊ SD Card Reader နဲ့ Ethernet RJ-45 Port တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Zoom နဲ့ Video Conferencing အတွက်လည်း အရည်အသွေးကောင်းမွန်တဲ့ HD Webcam ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Dell Vostro 3888 Desktop အနေနဲ့ကတော့ စားပွဲပေါ်မှာပဲဖြစ်ဖြစ်၊ စားပွဲအောက်မှာပဲဖြစ်ဖြစ် နေရာယူသက်သာအောင် ပြုလုပ်ထားတဲ့ Compact Design က တခြားပုံမှန် Desktop PC တွေထက် ထူးခြားနေမှာဖြစ်ပါတယ်။

ဒီလိုမျိုး Compact ဖြစ်တဲ့ Design ဖြစ်နေပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းအတွက် 10th Gen Intel® Core™ Processors တွေကို အသုံးပြုထားပြီး Core™ i5 ဒါမှမဟုတ် Core™ i7 Processor တွေကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းတွေကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေဖို့အတွက် Core™ i5 မော်ဒယ်မှာ RAM 4GB ပါဝင်ပြီး၊ Core™ i7 မော်ဒယ်မှာတော့ RAM 8GB ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်က Multitasking ပိုင်းနဲ့ CPU ပိုင်းအဓိကလုပ်ဆောင်နေရတယ်ဆိုရင် ဒီ Dell Vostro 3888 Desktop က ပိုပြီးအဆင်ပြေမှာပါ။ Storage ပိုင်းမှာတော့ HDD သို့မဟုတ် ပိုပြီးမြန်ဆန်တဲ့ PCIe SSD ကို အသုံးပြုနိုင်သလို Intel HD630 Integrated Graphics လည်းပါဝင်မှာဖြစ်ပါတယ်။

Dell Vostro 3888 Desktop ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ Dual Display Port ပါဝင်တာပဲဖြစ်ပြီး တကယ်လို့ Dual Monitor Setup အသုံးပြုချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ဒီလိုမျိုး Dual Monitor Setup အသုံးပြုတာကလည်း ကိုယ့်ရဲ့ Productivity ကို သိသိသာသာတိုးတက်စေမှာဖြစ်ပါတယ်။

Image – Dell Vostro 3888 (Desktop)

Desktop PC ဖြစ်တဲ့အတွက် USB Port တွေအနေနဲ့လည်း အရှေ့ဘက်မှာ ၄ ပေါက်နဲ့ အနောက်ဖက်မှာလည်း ၄ ပေါက်အထိ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Keyboard ၊ Mouse နဲ့ External HDD အပြင်တခြားသော USB Device အများအပြားကို ချိတ်ဆက်မယ်ဆိုရင် သီးခြား USB Hub ဝယ်စရာမလိုဘဲ အသုံးပြုနိုင်ဦးမှာပါ။ 1Gbps LAN Port လည်းပါဝင်တာကြောင့် တခြားသော PC တွေနဲ့ Network ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ LAN Port မသုံးချင်ဘူးဆိုရင်လည်း Wi-Fi 5 နဲ့ Bluetooth Support တွေပါဝင်တာကြောင့် အလွယ်တကူချိတ်ဆက်နိုင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် အခုပြောပြသွားတဲ့ Dell Vostro Series Laptop နဲ့ Desktop တွေဟာ Work From Home အလုပ်လုပ်တဲ့သူတွေနဲ့ ရုံးလုပ်ငန်းအတွက် ကွန်ပျူတာလိုအပ်တဲ့သူတွေအတွက် လုံးဝအဆင်ပြေအောင် ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ စျေးနှုန်းအရလည်း အရမ်းမမြင့်မားတဲ့အတွက် အလုပ်အတွက်ပဲ အသုံးပြုမယ်ဆိုရင် ဒီ Dell Vostro Series ကို ကျိန်းသေထည့်သွင်းစဥ်းစားသင့်ပါတယ်။

ဒီလိုမျိုး Dell Vostro Series Laptop နဲ့ Desktop တွေကို ဝယ်ယူမယ်ဆိုရင် Warranty ပါဝင်တဲ့ ပစ္စည်းအစစ်အမှန်ကိုပဲ ဝယ်ယူဖို့အရေးကြီးပါတယ်။ ဒါကြောင့် နီးစပ်ရာ Dell Authorized Reseller ဆိုင်တွေဆီမှာပဲ ဝယ်ယူဖို့တိုက်တွန်းချင်ပြီး ဝယ်ယူတဲ့အချိန်မှာလည်း စစ်မှန်တဲ့ Dell ထုတ်လုပ်ဖြစ်မဖြစ်အတွက် Dell Hologram Sticker ကိုလည်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ဝယ်ယူပြီးတဲ့အချိန်မှာ Warranty နဲ့ After Sale Service တွေကို အပြည့်အဝရယူနိုင်မှာဖြစ်ပါတယ်။

နီးစပ်ရာ Dell Authorized Reseller ဆိုင်တွေကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်မှာပါ။
(https://bit.ly/3bXiooY)

Dell Vostro 3400 intel i5 (Notebook) အကြောင်း အသေးစိတ် လေ့လာရန်
( https://dell.to/3iEHInZ)

Dell Vostro 3500 intel i5 (Notebook) အကြောင်း အသေးစိတ် လေ့လာရန်
( https://dell.to/2SwCnEz)

Dell Vostro 3888 intel i5, i7 (Desktop) အကြောင်း အသေးစိတ် လေ့လာရန်
( https://dell.to/3cFe0vg)