Dell က ၂၀၂၂ ခုနှစ် မော်ဒယ်တွေ ဖြစ်တဲ့  XPS 15 နဲ့ XPS 17 လက်ပ်တော့တွေကို ကြေညာလိုက်ပြီး စတင် ရောင်းချပေးလိုက်ပါပြီ။ လက်ပ်တော့ အသစ်တွေမှာ Intel Alder Lake-H 12th Gen CPU တွေ ထည့်သွင်းထားပါတယ်။

Dell XPS 15 and XPS 17 refreshed with 12th Intel CPUs and more

XPS 15 နဲ့ XPS 17 လက်ပ်တော့တွေအတွက် CPU အပိုင်းမှာ မတူညီတဲ့ Configuration ၃ ခု ထုတ်လုပ်ပေးထားပြီး Core i5-12500H (12 cores), Core i7-12700H (14 cores) နဲ့ Core i9-12900HK (14 cores) တို့ ဖြစ်ကြပါတယ်။ လက်ပ်တော့တွေမှာ 64GB DDR5-4800 RAM နဲ့ 4TB PCIe4 x4 SSD အထိ ရွေးချယ်နိုင်ပါတယ်။

Dell XPS 15 and XPS 17 refreshed with 12th Intel CPUs and more

၁၅ လက်မနဲ့ ၁၇ လက်မ မော်ဒယ်တွေအတွက် ရွေးချယ်စရာ မျက်နှာပြင်တွေ အဖြစ် 3840x2400p IPS Touchscreen နဲ့ 1920x1200p Non-touch တွေ ထုတ်လုပ်ပေးထားပါတယ်။ XPS 15 နဲ့ XPS 17 တို့အတွက် Nvidia GeForce RTX 3050 GPU ပါတဲ့ မော်ဒယ်တွေ ထုတ်လုပ်ပေးထားပါတယ်။ ဒါပေမယ့် အမြင့်ဆုံး အနေနဲ့ ၁၅ လက်မ မော်ဒယ်အတွက် RTX 3050Ti နဲ့ ၁၇ လက်မ မော်ဒယ်အတွက် GeFroece RTX 3060 အထိ ရွေးချယ်နိုင်မှာပါ။

တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့ 2022 Dell XPS 15 (Core i5, 8GB RAM , 256GB Storage)  ကို ၁,၄၄၉ ဒေါ်လာနဲ့ XPS 17 ကို ၁,၈၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂,၅၈၀,၀၀၀ နဲ့ ၃,၂၉၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။

Ref : gizmochina