[Zawgyi]

Delta ေလေၾကာင္းလိုင္းဟာ အေမရိကန္ျပည္တြင္းမွာ ေန႔စဥ္ေျပးဆြဲေနတဲ့ ေလယာဥ္ ၅၅စီးမွာ Free Wi-Fi အသုံးျပဳႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။ ေမလ ၁၃ရက္ေန႔ကေန စတင္ၿပီး ေနာက္ ၂ပတ္အၾကာထိ စမ္းသပ္ကာလအျဖစ္ ထားရွိမွာျဖစ္ၿပီး၊ ခရီးသည္ေတြက Wi-Fi အသုံးျပဳဖို႔အတြက္ အခေၾကးေငြ လုံးဝ ေပးစရာမလိုဘူးလို႔ ဆိုပါတယ္။

ေလာေလာဆယ္မွာေတာ့ ေလယာဥ္အတြင္းမွာ Wi-Fi အသုံးျပဳႏိုင္ေအာင္ စီစဥ္ေပးထားတဲ့ ကုမၸဏီဟာ အေမရိကန္ႏိုင္ငံမွာ JetBlue ေလေၾကာင္းလိုင္း တစ္ခုပဲ ရွိပါတယ္။ Delta ရဲ႕ စမ္းသပ္မႈသာ ေအာင္ျမင္သြားရင္ေတာ့ Free Wi-Fi ေထာက္ပံ့ေပးႏိုင္တဲ့ ေလေၾကာင္းလိုင္းက အေမရိကန္ႏိုင္ငံမွာ ၂ခု ျဖစ္လာမွာပါ။ Delta ေလေၾကာင္းလိုင္းရဲ႕ ေျပာၾကားခ်က္မ်ားအရ Free Wi-Fi ကို ခရီးရွည္စီးနင္းမယ့္ သူမ်ားအတြက္သာမက ခရီးတိုစီးနင္းမယ့္ သူေတြအတြက္ပါ အကုန္လုံး အသုံးျပဳႏိုင္ေအာင္ စီစဥ္ေပးထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေလယာဥ္ေပၚမွာ စီးနင္းလိုက္ပါမယ့္ ခရီးသည္ေတြကိုလည္း လက္မွတ္ျဖတ္ထားတဲ့ Email ဒါမွမဟုတ္ Delta Mobile Application ကေန တစ္ဆင့္ Wi-Fi အသုံးျပဳလို႔ ရေၾကာင္း အသိေပးသြားမယ္လို႔ ဆိုပါတယ္။

Delta ေလေၾကာင္းလိုင္းရဲ႕ အဆိုအရ Wi-Fi ကို ပ်ံသန္းေနတဲ့ ေလယာဥ္ထဲမွာ အသုံးျပဳလို႔ရေအာင္ ျပဳလုပ္တာက ေျဖရွင္းဖို႔ ေတာ္ေတာ္ေလးကို ရႈပ္ေထြးတဲ့ ျပႆနာ တစ္ခုလို႔ သိရပါတယ္။ ဒါ့အျပင္ အသုံးျပဳသူမ်ားလာတာနဲ႔အမွ် ကုမၸဏီက ေပးေဆာင္ရတဲ့ ေ႐ြလ်ားခ အခေၾကးေငြကလည္း အခ်ိဴးက်က် ပိုမ်ားလာမွာဦးမွာပါ။ The Wall Street Journal ကေတာ့ Delta ေလေၾကာင္းလိုင္းအတြက္ Wi-Fi စီစဥ္ေပးတဲ့ ကုမၸဏီဟာ Gogo ျဖစ္တယ္လို႔ ဆိုထားပါတယ္။ Gogo ဟာ ေလယာဥ္ပ်ံသန္းေနစဥ္ အင္တာနက္ အသုံးျပဳႏိုင္ဖို႔ ျပဳလုပ္ေပးတဲ့ In-flight Internet Service ကုမၸဏီတစ္ခုျဖစ္ၿပီး၊ အေမရိကန္ႏိုင္ငံမွာ ပုဂၢိဳလ္ေရးအရ အသုံးျပဳလိုပါက ၁နာရီကို ၇ေဒၚလာနဲ႔ ၂၄နာရီကို ၁၉ေဒၚလာ က်သင့္မယ္လို႔ သိရပါတယ္။

Ref : The Verge

[Unicode]

Delta လေယာဉ်တွေပေါ်မှာ Wi-Fi အသုံးပြုလို့ ရတော့မည်

Delta လေကြောင်းလိုင်းဟာ အမေရိကန်ပြည်တွင်းမှာ နေ့စဉ်ပြေးဆွဲနေတဲ့ လေယာဉ် ၅၅စီးမှာ Free Wi-Fi အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မေလ ၁၃ရက်နေ့ကနေ စတင်ပြီး နောက် ၂ပတ်အကြာထိ စမ်းသပ်ကာလအဖြစ် ထားရှိမှာဖြစ်ပြီး၊ ခရီးသည်တွေက Wi-Fi အသုံးပြုဖို့အတွက် အခကြေးငွေ လုံးဝ ပေးစရာမလိုဘူးလို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ လေယာဉ်အတွင်းမှာ Wi-Fi အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ ကုမ္ပဏီဟာ အမေရိကန်နိုင်ငံမှာ JetBlue လေကြောင်းလိုင်း တစ်ခုပဲ ရှိပါတယ်။ Delta ရဲ့ စမ်းသပ်မှုသာ အောင်မြင်သွားရင်တော့ Free Wi-Fi ထောက်ပံ့ပေးနိုင်တဲ့ လေကြောင်းလိုင်းက အမေရိကန်နိုင်ငံမှာ ၂ခု ဖြစ်လာမှာပါ။ Delta လေကြောင်းလိုင်းရဲ့ ပြောကြားချက်များအရ Free Wi-Fi ကို ခရီးရှည်စီးနင်းမယ့် သူများအတွက်သာမက ခရီးတိုစီးနင်းမယ့် သူတွေအတွက်ပါ အကုန်လုံး အသုံးပြုနိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါမယ့် ခရီးသည်တွေကိုလည်း လက်မှတ်ဖြတ်ထားတဲ့ Email ဒါမှမဟုတ် Delta Mobile Application ကနေ တစ်ဆင့် Wi-Fi အသုံးပြုလို့ ရကြောင်း အသိပေးသွားမယ်လို့ ဆိုပါတယ်။

Delta လေကြောင်းလိုင်းရဲ့ အဆိုအရ Wi-Fi ကို ပျံသန်းနေတဲ့ လေယာဉ်ထဲမှာ အသုံးပြုလို့ရအောင် ပြုလုပ်တာက ဖြေရှင်းဖို့ တော်တော်လေးကို ရှုပ်ထွေးတဲ့ ပြဿနာ တစ်ခုလို့ သိရပါတယ်။ ဒါ့အပြင် အသုံးပြုသူများလာတာနဲ့အမျှ ကုမ္ပဏီက ပေးဆောင်ရတဲ့ ရွေလျားခ အခကြေးငွေကလည်း အချိူးကျကျ ပိုများလာမှာဦးမှာပါ။ The Wall Street Journal ကတော့ Delta လေကြောင်းလိုင်းအတွက် Wi-Fi စီစဉ်ပေးတဲ့ ကုမ္ပဏီဟာ Gogo ဖြစ်တယ်လို့ ဆိုထားပါတယ်။ Gogo ဟာ လေယာဉ်ပျံသန်းနေစဉ် အင်တာနက် အသုံးပြုနိုင်ဖို့ ပြုလုပ်ပေးတဲ့ In-flight Internet Service ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ အမေရိကန်နိုင်ငံမှာ ပုဂ္ဂိုလ်ရေးအရ အသုံးပြုလိုပါက ၁နာရီကို ၇ဒေါ်လာနဲ့ ၂၄နာရီကို ၁၉ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

Ref : The Verge