Zawgyi

PC Game ေတြကို ေဆာ့ကစားေနၾကသူေတြဆိုရင္ Anti-Piracy Solution တစ္ခုျဖစ္တဲ့ Denovo DRM ကို ရင္းႏွီးၿပီးသားျဖစ္မွာပါ။ ဒီ Denovo DRM ဟာ လက္ရွိအခ်ိန္မွာ PC Game ေတြကို Crack မလုပ္ႏိုင္ေအာင္ အဓိကေဆာင္႐ြက္ေနတဲ့ Digital Rights Management (DRM) နည္းပညာတစ္ခုျဖစ္ၿပီးေတာ့ အခုအခ်ိန္မွာ Denovo DRM ဟာ Android Game ေတြဆီကိုပါ ေရာက္လာေတာ့မွာျဖစ္ပါတယ္။

သီအိုရီအရဆိုရင္ Denovo DRM စနစ္ဟာ Game ေတြကို Crack ျပဳလုပ္ႏိုင္ျခင္းမရွိေအာင္ ကာကြယ္ေပးတာျဖစ္ၿပီးေတာ့ PC Game ေတြမွာေတာ့ အခုလိုမ်ိဳး Denovo DRM ကို အသုံးျပဳလိုက္တာက Crack ျပဳလုပ္သူေတြအတြက္ ပိုၿပီး ခက္ခဲသြားသလို Game ရဲ႕ File Size ကိုလည္း ပိုႀကီးသြားေစတာျဖစ္ပါတယ္။ ဒီလိုမ်ိဳးကာကြယ္ေနေပမယ့္လည္း လက္ရွိအခ်ိန္အထိ PC Game ေတြကလည္း Crack ေတြဆက္တိုက္ထြက္ရွိေနတုန္းပါပဲ။

ဒီ Denovo DRM Protection ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ Irdeto ကေနအခုအခ်ိန္မွာ PC Game ေတြအျပင္ Android Game ေတြမွာပါ စတင္အသုံးျပဳလာေတာ့မယ္လို႔ ေၾကျငာခဲ့ပါတယ္။ Irdeto ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခုလိုမ်ိဳး Android Game ေတြမွာ DRM Protection ကို သုံးလိုက္တဲ့အတြက္ တကယ္ဝယ္ယူၿပီး ေဆာ့ကစားတဲ့သူေတြက အေကာင္းဆုံးေသာ Experience ကို ရရွိမွာျဖစ္ၿပီး ဂိမ္းထုတ္လုပ္သူေတြအေနနဲ႔လည္း Crack Game ေတြေၾကာင့္ ဝင္ေငြေလ်ာ့နည္းေတာ့မွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ အခုလိုမ်ိဳး DRM Protection ကို အသုံးျပဳလိုက္လို႔လည္း Gameplay Experience ကို ထိခိုက္မႈအလြန္နည္းပါးမယ္လို႔ သိရပါတယ္။

ေနာက္ၿပီးေတာ့ ဒီ Denovo DRM Protection ဟာ Final APK မွာ အသုံးျပဳႏိုင္တဲ့အတြက္ Developer ေတြအေနနဲ႔ သီးျခား Coding ဒါမွမဟုတ္ Operation ေတြလိုအပ္မွာမဟုတ္သလို Source Code ကိုလည္း လိုအပ္မွာ မဟုတ္ဘူးလို႔သိရပါတယ္။ အခု Denovo Mobile Game Protection စနစ္မွာ Configurable Protection Levels ၊ Smart Detection of Protection Points ၊ Root Detection ၊ Anti-hooking ၊ Virtualization နဲ႔ Integrity Verification လိုမ်ိဳး Feature ေတြလည္း ပါဝင္မွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ Android Game နဲ႔ Application ေတြဟာ Crack သမားေတြရဲ႕ ဒါဏ္ကို အႀကီးအက်ယ္ခံေနရၿပီးေတာ့ အထူးသျဖင့္ Storyline ေကာင္းေကာင္းနဲ႔ Offline Game ေတြက ပိုၿပီး Crack ထြက္ရွိေနတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း လက္ရွိ ေအာင္ျမင္တဲ့ Android Game အမ်ားစုက Online Game ဘက္ကို ကူးေျပာင္းေနတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး Denovo DRM Mobile Protection က Premium Android Game ေတြကို ပိုၿပီး ေအာင္ျမင္ေစလာႏိုင္မလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – Phone Arena

Unicode

PC Game တွေကို ဆော့ကစားနေကြသူတွေဆိုရင် Anti-Piracy Solution တစ်ခုဖြစ်တဲ့ Denovo DRM ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီ Denovo DRM ဟာ လက်ရှိအချိန်မှာ PC Game တွေကို Crack မလုပ်နိုင်အောင် အဓိကဆောင်ရွက်နေတဲ့ Digital Rights Management (DRM) နည်းပညာတစ်ခုဖြစ်ပြီးတော့ အခုအချိန်မှာ Denovo DRM ဟာ Android Game တွေဆီကိုပါ ရောက်လာတော့မှာဖြစ်ပါတယ်။

သီအိုရီအရဆိုရင် Denovo DRM စနစ်ဟာ Game တွေကို Crack ပြုလုပ်နိုင်ခြင်းမရှိအောင် ကာကွယ်ပေးတာဖြစ်ပြီးတော့ PC Game တွေမှာတော့ အခုလိုမျိုး Denovo DRM ကို အသုံးပြုလိုက်တာက Crack ပြုလုပ်သူတွေအတွက် ပိုပြီး ခက်ခဲသွားသလို Game ရဲ့ File Size ကိုလည်း ပိုကြီးသွားစေတာဖြစ်ပါတယ်။ ဒီလိုမျိုးကာကွယ်နေပေမယ့်လည်း လက်ရှိအချိန်အထိ PC Game တွေကလည်း Crack တွေဆက်တိုက်ထွက်ရှိနေတုန်းပါပဲ။

ဒီ Denovo DRM Protection ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Irdeto ကနေအခုအချိန်မှာ PC Game တွေအပြင် Android Game တွေမှာပါ စတင်အသုံးပြုလာတော့မယ်လို့ ကြေငြာခဲ့ပါတယ်။ Irdeto ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Android Game တွေမှာ DRM Protection ကို သုံးလိုက်တဲ့အတွက် တကယ်ဝယ်ယူပြီး ဆော့ကစားတဲ့သူတွေက အကောင်းဆုံးသော Experience ကို ရရှိမှာဖြစ်ပြီး ဂိမ်းထုတ်လုပ်သူတွေအနေနဲ့လည်း Crack Game တွေကြောင့် ဝင်ငွေလျော့နည်းတော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။ ဒါ့အပြင် အခုလိုမျိုး DRM Protection ကို အသုံးပြုလိုက်လို့လည်း Gameplay Experience ကို ထိခိုက်မှုအလွန်နည်းပါးမယ်လို့ သိရပါတယ်။

နောက်ပြီးတော့ ဒီ Denovo DRM Protection ဟာ Final APK မှာ အသုံးပြုနိုင်တဲ့အတွက် Developer တွေအနေနဲ့ သီးခြား Coding ဒါမှမဟုတ် Operation တွေလိုအပ်မှာမဟုတ်သလို Source Code ကိုလည်း လိုအပ်မှာ မဟုတ်ဘူးလို့သိရပါတယ်။ အခု Denovo Mobile Game Protection စနစ်မှာ Configurable Protection Levels ၊ Smart Detection of Protection Points ၊ Root Detection ၊ Anti-hooking ၊ Virtualization နဲ့ Integrity Verification လိုမျိုး Feature တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Android Game နဲ့ Application တွေဟာ Crack သမားတွေရဲ့ ဒါဏ်ကို အကြီးအကျယ်ခံနေရပြီးတော့ အထူးသဖြင့် Storyline ကောင်းကောင်းနဲ့ Offline Game တွေက ပိုပြီး Crack ထွက်ရှိနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိ အောင်မြင်တဲ့ Android Game အများစုက Online Game ဘက်ကို ကူးပြောင်းနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Denovo DRM Mobile Protection က Premium Android Game တွေကို ပိုပြီး အောင်မြင်စေလာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Phone Arena