Princeton နဲ့ Washington တက္ကသိုလ်မှ သုတေသနပညာရှင်တွေက ဆားပွင့် အရွယ်အစားပဲ ရှိတဲ့ ကင်မရာ ဆန်ဆာကို အောင်မြင်စွာ ဖန်တီးလိုက်ပါတယ်။ Cylindrical Post ၁.၆ သန်းပါတဲ့ Metasurface နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ကင်မရာ ဆန်ဆာ ၁ လုံးလို အလုပ်လုပ်ပါတယ်။ Post ၁ ခုချင်းစီဟာ Optical အန်တင်နာ ၁ ခုလို အလုပ်လုပ်ပြီး Optical Wavefront ကို ပုံဖော်ဖို့အတွက် အလင်းရောင်ကို ဖမ်းယူနိုင်ပါတယ်။ အဲဒီနောက်မှာ AI Algorithm ကို အသုံးချကာ အရောင်စုံ၊ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံတွေကို ဖန်တီးပေးနိုင်ပါတယ်။

Researchers develop ultra-compact camera with the size of a salt grain

သမားရိုးကျ ကင်မရာတွေမှာ အလင်းရောင်ကို ဆန်ဆာပေါ်သို့ ပို့လွှတ်ဖို့ ပလတ်စတစ်နဲ့ ဖန် Lenses တွေကို အသုံးပြုကြပါတယ်။ အခုနည်းပညာ အသစ်မှာတော့ အလိုရှိတဲ့ ဦးတည်ရာကို အလင်းလွှတ်ဖို့အတွက် ပါးလွှာတဲ့ ဖလင်ပြားကို အသုံးချတဲ့ Metasurface အပေါ်မှီခိုထားပါတယ်။

Metasurface နဲ့ Cylindrical Post တွေဟာ တကယ့် ဓါတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်တဲ့ Signal Processing Algorithm နဲ့ Tube ဒီဇိုင်းကို ဖန်တီးပေးနိုင်ပါတယ်။ အဲဒီအတွက် အရည်အသွေး မကောင်းတဲ့ ဓါတ်ပုံတွေကို ဖန်တီးတဲ့ လေဆာအစား အရောင်အသွေး စုံတဲ့ ဓါတ်ပုံကို Metasurface ကင်မရာက ဖမ်းယူပေးပါတယ်။

အဲဒီ ကင်မရာ အမျိုးအစား အသစ်ကို အဓိကအနေနဲ့ ဆေးသိပ္ပံ နယ်ပယ်မှာ အသုံးပြုဖို့ ရည်ရွယ်ထားပြီး အရွယ်အစား အရမ်းသေးတဲ့အတွက် ကိုယ်ခန္တာထဲ ခွဲစိတ်ကာ ရောဂါ ရှာဖွေရာမှာ အရမ်းကို အသုံးဝင်မှာပါ။

Metasurface ကို Silicon Nitride ကို အခြေခံကာ ထုတ်လုပ်ထားတဲ့အတွက် သမားရိုးကျ ကင်မရာတွေထက် ကုန်ကျစားရိတ်သက်သာကာ အမြောက်အများ ထုတ်လုပ်နိုင်ပါတယ်။ ပညာရှင်တွေက အနာဂတ်မှာ Device တွေ တည်ဆောက်တဲ့ မတူညီတဲ့ နည်းလမ်းများစွာကို ဒီ ကင်မရာ နည်းပညာက ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Ref : gsmarena