အိန္ဒိယက ဂိမ်း ကုမ္ပဏီတွေဟာ Electronics Sports (eSports) နဲ့ ဂိမ်းတွေမှာ Non-fungible Token (NFTs) တွေ ထည့်သွင်းနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေပြီး Crypto နဲ့  NFTs တို့ကိုလူတွေ စိတ်ဝင်စားမှု များလာတဲ့အတွက် အဲဒီကနေဝင်ငွေရနိုင်မယ့် Blockchain အခြေပြု ဂိမ်းတွေကို ဖန်တီးလာကြပါတယ်။

Real money gaming and eSports have seen huge growth in India, especially after the coronavirus pandemic.ht

Blockchain ဂိမ်းတွေမှာ ကစားသူတွေကို Cryptocurrency တွေ ချီးမြှင့်ပြီး NFTs တွေကိုတော့ ဒစ်ဂျစ်တယ် Item တွေ ဝယ်ယူဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီလို အောင်မြင်တဲ့ Blockchain ဂိမ်းကို ဥပမာပြရမယ်ဆိုရင် ကမ္ဘာအဝန်းမှာ ကစားသူ သန်းများစွာ ရှိတဲ့ Axie Infinity ဖြစ်ပါတယ်။

Number of professional e-sports gamers rising in India - The Economic Times

JetSynthesys လို နာမည်ကြီး ဂိမ်း ကုမ္ပဏီတွေဟာ ဂိမ်းတွေမှာ NFTs တွေ ထည့်သွင်းနိုင်ဖို့ စမ်းသပ်နေကြပါတယ်။ JeySynthesys ရဲ့ စီအီးအို Rajan Navani က “ ဒီနည်းပညာအတွက် သုတေသန တချို့ပြုလုပ်ပြီးပြီ ဖြစ်ပြီး တကယ့်လက်တွေ့မှာ အသုံးချနိုင်ဖို့ စီစဉ်နေပါတယ်။ NFTs တွေကို Skin နဲ့ Avatar တွေအတွက် အသုံးပြုလို့ ရသလိုမျိုး တချို့ အရာတွေက အရမ်း ရှင်းလင်းပါတယ်။ “ လို့ ပြောပါတယ်။ အဲဒီ ကုမ္ပဏီဟာ Ludo Zenith လို နာမည်ကြီး ဂိမ်းတွေကို ဖန်တီးထားတာဖြစ်ပြီး ဂျပန်က Square Enix လို နိုင်ငံတကာ ဂိမ်း ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းထားပါတယ်။

ဘင်ဂါလာရူး အခြေစိုက် Avisa Ventures ဂိမ်း ကုမ္ပဏီကလည်း Blockchain ဂိမ်းတွေ ဖန်တီးဖို့ Developer တွေနဲ့ ပူးပေါင်းထားပါတယ်။ ကုမ္ပဏီဟာ Blockchain နဲ့  NFTs ဂိမ်း တချို့ကိုတောင် ဖြန့်ချိထားပြီးပါပြီ။ Avisa Ventures ရဲ့ CMO နဲ့တည်ထောင်သူ Priya Ratnam က “ ကျွန်တော်တို့ NFTs နဲ့ Blockchain အခြေပြု ဂိမ်းတွေကို စတင်ဖန်တီးဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့အတွက် NFTs ဂိမ်းတွေ ဖန်တီးပေးဖို့ ကုမ္ပဏီ များစွာနဲ့ စကားပြောနေပါတယ်။ “ လို့ ပြောပါတယ်။

eSports နယ်ပယ် အကြောင်း ပြောရရင် NODWIN Gaming ဟာ RageFan နဲ့ ပူးပေါင်းပြီး အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ Chess Super League (CSL) Tournament မှာ Chess NFTs တွေကို ရောင်းချခဲ့ပါတယ်။ RageFan ဟာ Sports NFTs နဲ့ Fan Tokens တွေကို ရောင်းချတဲ့ Blockchain အခြေစိုက် ပလက်ဖောင်း ဖြစ်ပါတယ်။ RageFan ကနေ NFTs တွေကို ရောင်းချနေပြီး မကြာခင်မှာ ကုမ္ပဏီရဲ့ NFTs ဈေးကွက်ကနေ ဝယ်ယူနိုင်တော့မှာပါ။

Blockchain သုတေသန အဖွဲ့အစည်း DappRadar ရဲ့ စစ်တမ်းအရ အောက်တိုဘာလမှာ Crypto Wallet ကို နေ့စဉ် အသုံးပြုသူဟာ ၂ သန်းအထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး Traffic အားလုံးရဲ့ ၅၅ ရာခိုင်နှုန်းဟာ Blockchain အခြေပြု ဂိမ်းတွေကနေ လာတာလို့ သိရပါတယ်။

အိန္ဒိယ အခြေစိုက် Crypto ကုမ္ပဏီ ၁ ခု ဖြစ်တဲ့  Polygon က Developer တွေ Blockchain ဂိမ်းတွေ ဖန်တီးဖို့ စွဲဆောင်တဲ့ အနေနဲ့ ဒေါ်လာ ၁၀၀,၀၀၀ ကျော် ဆုကြေးပေးတဲ့ Hackathon ကို စီစဉ်ပြုလုပ်ပေးနေပါတယ်။ Polygon ရဲ့ ဒုတိယ ဥက္ကဌ Arjun Kalsy က “ အိန္ဒိယမှာ မိုဘိုင်းဖုန်း သုံးသူ အရမ်း များပြားသလို ဒေတာ ဈေးနှုန်း သက်သာတဲ့အတွက် ကမ္ဘာမှာ အကြီးမားဆုံး ဂိမ်း ဈေးကွက်  ဖြစ်ပါတယ်။ Blockchain ဂိမ်းတွေကနေ ကစားသူတွေဟာ ဝင်ငွေတွေရရှိလာမှာ ဖြစ်ပြီး လာမယ့် နှစ်တွေအတွင်း ဒီဈေးကွက်ဟာ ကြီးထွားလာမှာပါ။ “ လို့ သုံးသပ်ပါတယ်။

Ref : livemint