[Zawgyi]

Digital Yangon ဆိုတာ ျပည္သူေတြက သက္ဆိုင္ရာ အစိုးရဌာနေတြကို တိုက္႐ိုက္သတင္းေပးတိုင္ၾကားႏိုင္မယ့္ Application အမ်ိဴးအစား ျဖစ္ပါတယ္။ သတင္းေပးတိုင္ၾကားရာမွာ “ စည္ပင္သာယာနယ္နမိတ္အတြင္း အမႈိက္ႏွင့္ သန္႔ရွင္းေရးကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ အေၾကာင္းၾကားရန္၊ ေရပိုက္ေပါက္ျခင္းမ်ားႏွင့္ ပတ္သက္၍ အေၾကာင္းၾကားရန္၊ လွ်ပ္စစ္မီးအႏၲရာယ္ျဖစ္ရပ္မ်ားႏွင့္ ပတ္သက္၍ အေၾကာင္းၾကားရန္၊ ယာဥ္အိုယာဥ္ေဟာင္းမ်ား ရပ္နားထားျခင္းႏွင့္ ပတ္သက္၍ အေၾကာင္းၾကားရန္ ႏွင့္ လမ္း၊ ပလက္ေဖာင္း၊ ေရေျမာင္းမ်ားပ်က္စီးေနျခင္းႏွင့္ ပတ္သက္၍ အေၾကာင္းၾကားရန္ “ ဆိုၿပီး အမ်ိဴးအစား ၅မ်ိဴး ခြဲျခားထားပါတယ္။

Digital Yangon Application ကို ၿပီးခဲ့တဲ့ မတ္လတုန္းက စတင္ျဖန္႔ခ်ိခဲ့တာျဖစ္ပါတယ္။ စတင္ျဖန္႔ခ်ိတဲ့ အခ်ိန္တုန္းက ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေက်ာက္တံတားၿမိဳ႕နယ္အတြက္သာ အသုံးျပဳခြင့္ ရရွိခဲ့တာျဖစ္ေပမယ့္ ယခုအခ်ိန္မွာေတာ့ ပန္းဘဲတန္း၊ ဗိုလ္တေထာင္၊ လသာ၊ လမ္းမေတာ္နဲ႔ ပုဇြန္ေတာင္ၿမိဳ႕နယ္ေတြမွာပါ အသုံးျပဳႏိုင္ေနၿပီလို႔ သိရပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္းမွာလည္း ဒီထက္မက တိုးခ်ဲ႕လုပ္ေဆာင္သြားဖို႔ အစီအစဥ္ရွိၿပီး၊ ေနာက္ထပ္ ၃၃ၿမိဳ႕နယ္မွာ အသုံးျပဳႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ဆိုပါတယ္။

Digital Yangon ကေနတဆင့္ သတင္းေပးတိုင္ၾကားပုံ အဆင့္ဆင့္ကို Application ရဲ႕ ပင္မစာမ်က္ႏွာမွာ ေရးသားေဖာ္ျပထားပါတယ္။ ဒါ့အျပင္ အဆိုပါ ပင္မစာမ်က္ႏွာမွာ ဌာနဆိုင္ရာေတြက တိုက္႐ိုက္ထုတ္ျပန္တဲ့ သတင္းနဲ႔ အခ်က္အလက္ေတြကိုလည္း ၾကည့္ရႈ႕ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ စမ္းသပ္ အသုံးျပဳခဲ့တဲ့ အခ်ိန္တုန္းကေတာ့ ၂၀၁၉ခုႏွစ္၊ မတ္လ ၂၄ရက္ေန႔အထိသာ သတင္းတင္ထားတာ ေတြ႕ရပါတယ္။

Digital Yangon Application မွာ Language အေနနဲ႔ Myanmar / English ႀကိဳက္ႏွစ္သက္ရာကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္သလို Font အေနနဲ႔လည္း ျမန္မာစာ စံစနစ္ Unicode နဲ႔ Zawgyi ဆိုၿပီး ၂မ်ိဴး ထည့္သြင္းေပးထားပါတယ္။ ေနာက္ပိုင္းမွာေတာ့ Zawgyi font ကို ျဖဳတ္ခ်သြားမယ္လို႔ ယူဆရပါတယ္။ Digital Yangon Application ကို Android အတြက္ Google Play Store နဲ႔ iOS အတြက္ Apple App Store တို႔မွာ Download ရယူႏိုင္ပါတယ္။

[Unicode]

ဌာနဆိုင်ရာတွေကို တိုက်ရိုက် သတင်းပေးတိုင်ကြားနိုင်မယ့် Digital Yangon App

Digital Yangon ဆိုတာ ပြည်သူတွေက သက်ဆိုင်ရာ အစိုးရဌာနတွေကို တိုက်ရိုက်သတင်းပေးတိုင်ကြားနိုင်မယ့် Application အမျိူးအစား ဖြစ်ပါတယ်။ သတင်းပေးတိုင်ကြားရာမှာ “ စည်ပင်သာယာနယ်နမိတ်အတွင်း အမှိုက်နှင့် သန့်ရှင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ အကြောင်းကြားရန်၊ ရေပိုက်ပေါက်ခြင်းများနှင့် ပတ်သက်၍ အကြောင်းကြားရန်၊ လျှပ်စစ်မီးအန္တရာယ်ဖြစ်ရပ်များနှင့် ပတ်သက်၍ အကြောင်းကြားရန်၊ ယာဥ်အိုယာဥ်ဟောင်းများ ရပ်နားထားခြင်းနှင့် ပတ်သက်၍ အကြောင်းကြားရန် နှင့် လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများပျက်စီးနေခြင်းနှင့် ပတ်သက်၍ အကြောင်းကြားရန် “ ဆိုပြီး အမျိူးအစား ၅မျိူး ခွဲခြားထားပါတယ်။

Digital Yangon Application ကို ပြီးခဲ့တဲ့ မတ်လတုန်းက စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ စတင်ဖြန့်ချိတဲ့ အချိန်တုန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောက်တံတားမြို့နယ်အတွက်သာ အသုံးပြုခွင့် ရရှိခဲ့တာဖြစ်ပေမယ့် ယခုအချိန်မှာတော့ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ လသာ၊ လမ်းမတော်နဲ့ ပုဇွန်တောင်မြို့နယ်တွေမှာပါ အသုံးပြုနိုင်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာလည်း ဒီထက်မက တိုးချဲ့လုပ်ဆောင်သွားဖို့ အစီအစဥ်ရှိပြီး၊ နောက်ထပ် ၃၃မြို့နယ်မှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Digital Yangon ကနေတဆင့် သတင်းပေးတိုင်ကြားပုံ အဆင့်ဆင့်ကို Application ရဲ့ ပင်မစာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် အဆိုပါ ပင်မစာမျက်နှာမှာ ဌာနဆိုင်ရာတွေက တိုက်ရိုက်ထုတ်ပြန်တဲ့ သတင်းနဲ့ အချက်အလက်တွေကိုလည်း ကြည့်ရှု့နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် စမ်းသပ် အသုံးပြုခဲ့တဲ့ အချိန်တုန်းကတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၄ရက်နေ့အထိသာ သတင်းတင်ထားတာ တွေ့ရပါတယ်။

Digital Yangon Application မှာ Language အနေနဲ့ Myanmar / English ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်သလို Font အနေနဲ့လည်း မြန်မာစာ စံစနစ် Unicode နဲ့ Zawgyi ဆိုပြီး ၂မျိူး ထည့်သွင်းပေးထားပါတယ်။ နောက်ပိုင်းမှာတော့ Zawgyi font ကို ဖြုတ်ချသွားမယ်လို့ ယူဆရပါတယ်။ Digital Yangon Application ကို Android အတွက် Google Play Store နဲ့ iOS အတွက် Apple App Store တို့မှာ Download ရယူနိုင်ပါတယ်။