Dimensity 9000 ရဲ့ ပထမဦးဆုံး AnTuTu စမ်းသပ်မှုရလဒ်ထွက်လာတော့ ထုံးစံအတိုင်း အမှတ်များများနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်တာကြောင့် ထုတ်လုပ်သူအများအပြားရဲ့ အာရုံစိုက်မှုကို သိမ်းပိုက်လိုက်နိုင်တာပါပဲ။ ပြိုင်ဘက်တွေအတွက်လည်း သတိထားစောင့်ကြည့်ချင်စရာ ဖြစ်လာပါတော့တယ်။

Dimensity 9000 ဟာ ပျိုတိုင်းကြိုက်ဖြစ်လာနိုင်သလို ဈေးနှုန်းကလည်း ကြီးမြင့်တယ်လို့ သတင်းထွက်နေတာပါ။ အခု Dimensity 8000 ကလည်း သူ့ရဲ့ ပထမဦးဆုံး AnTuTu ရလဒ်တွေနဲ့အတူ အလားအလာကောင်းတွေကို ဖော်ပြလာပြန်ပါတယ်။ Dimensity 8000 ကတော့ ပေးသလောက်တန်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုရယူသွားလေမလား တွေးမိပါတယ်။

Digital Chat Station က မျှဝေထားတဲ့ ရလဒ်အဖြစ် (V9.0.7-OB ဗားရှင်းမှာ) ရမှတ် 820,000 ဝန်းကျင် တွေ့ရပါတယ်။ AnTuTu ဇယားကိုကြည့်မယ်ဆိုရင် Snapdragon 800 ပါဝါသုံးဖုန်းတွေဟာ RAM, storage နဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး 880,000 ကနေ 750,000 ကြားထဲ ကွာဝေးကျဆင်းသွားတတ်တာကို တွေ့နိုင်ပါတယ်။

ဒါကြောင့် Dimensity အနေနဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တာ ရှင်းလင်းနေပါပြီ။ ဒါ့အပြင် 5nm chip ဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်က Snapdragon တွေနဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ဆိုရပါလိမ့်မယ်။ DCS ရဲ့အဆိုအရ သူ့မှာ Cortex-A78 core လေးခု (2.75 GHz) နဲ့ A55s လေးခုအပြင် Mali-G510 GPU အသစ်လည်း ပါရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ 888 ဟာ MediaTek ရဲ့ အမှန်တကယ် ပစ်မှတ်မဟုတ်နိုင်ပါဘူး။

Dimensity 8000 ဟာ အရင် Snapdragon 870 (7nm, 735,000-700,000 မှတ်) ရဲ့နောက်မှာရှိတယ်လို့ ပေါက်ကြားသတင်းတစ်ခုက ဆိုပါတယ်။ 888 ကို လာမဲ့မတ်လထဲမှာ Dimensity 8100 နဲ့ စိန်ခေါ်ဖွယ်ရှိပြီး ပိုမိုမြင့်မားတဲ့ Clock speeds ကို ယူဆောင်လာမယ်လို့ သိရပါတယ်။

Ref: GSM Arena