ပြီးခဲ့တဲ့ နာတာလူးပွဲတော်နေ့မှာ DSCC ရဲ့ Tipster Ross Young က Samsung ရဲ့ ၂၀၂၁ Foldable တွေအကြောင်းကို သတင်းလက်ဆောင်ပေးခဲ့ပါတယ်။ Ross ရဲ့ ပေါက်ကြားသတင်းမှာ Samsung Galaxy Z Fold 3, Galaxy Z Flip 3 နဲ့ Galaxy Z Flip Lite တွေအကြောင်း ပါဝင်ပါတယ်။

Ross ရဲ့အဆိုအရ တတိယမျိုးဆက် Galaxy Z Fold ဟာ အရင်မော်ဒယ်တွေထက် သေးငယ်တဲ့ မျက်နှာပြင်နဲ့ဖြစ်လာမယ်ဆိုပေမယ့် Z Flip 3 ကတော့ အနည်းငယ်ကြီးလာမယ်လို့ သိရပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ Galaxy Z Fold ရဲ့ အဓိကမျက်နှာပြင် (အတွင်း) ဟာ Z Fold 2 ရဲ့ 7.59-inch ထက်သေးငယ်မယ်ဆိုတာပါပဲ။

Samsung အနေနဲ့ အဓိကမျက်နှာပြင်ကို 7.55-inch အဖြစ်ပြောင်းလဲပြီး၊ အပြင်ဘက် Cover display ကို 6.21-inch အဖြစ် ပြောင်းလဲမယ်လို့ ဆိုပါတယ်။ အဓိကမျက်နှာပြင်ရဲ့ Resolution ဟာ 2208×1768 pixels ဝန်းကျင်ဖြစ်ပြီး၊ 5:4 acpect ratio နဲ့ 375 PPI ဖြစ်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာကြေညာခဲ့တဲ့ Galaxy Z Fold2 ကတော့ 6.23-inch Cover display တပ်ဆင်ထားတာပါ။

အရှေ့မှာ သေးငယ်တဲ့မျက်နှာပြင်အရွယ်အစားဖြစ်သွားရတဲ့အကြောင်းရင်းက S-Pen ကို ကိုယ်ထည်ထဲမှာ ထည့်သွင်းဖို့အတွက်ဖြစ်တယ်လို့ Ross က ဆိုပါတယ်။ ဒါကြောင့် မူပိုင်ခွင့်တွေကို အခြေပြုပြီး ကနဦးသတင်းထွက်ထားတဲ့ Foldable ဖုန်းတွေမှာ Stylus ထောက်ပံ့မယ်ဆိုတာဟာ ပိုပြီးခိုင်မာလာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် Galaxy Z Fold 3 ဟာ Stylus အသုံးပြုနိုင်တဲ့ UTG မျက်နှာပြင်ပါတဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်လာပါလိမ့်မယ်။

နောက်တစ်ခုကတော့ “W22” foldable ဟာ Z Fold3 Ultra လိုပဲ ကန့်သတ်အရေအတွက်နဲ့ ထွက်လာဖွယ်ရှိတယ်လို့ Ross က ပြောပါသေးတယ်။ Clamshell device တွေနဲ့ပတ်သက်ပြီးတော့လည်း ပေါက်ကြားမှုအချို့ရှိပါသေးတယ်။ Z Flip3 နဲ့ Z Flip Lite တို့နှစ်မျိုးစလုံးဟာ ပိုကြီးမားတဲ့ 6.7-inch မျက်နှာပြင်နဲ့ဖြစ်မယ်လို့ သိရပါတယ်။ ဒါဟာ အရင်ပမာဏနဲ့နှိုင်းယှဉ်ရင်တော့ 0.03-inch ပဲ တိုးလာတာပါ။ Z Flip3 ရဲ့ Cover display က 1.81-inch ရှိမယ်လို့ ဆိုပါတယ်။

Galaxy Z Flip 3 မှာ 120Hz Refresh Rate ထောက်ပံ့တဲ့ LTPO display အသုံးပြုထားမယ်လို့လည်း သိရပါတယ်။ အခုအချိန်မှာတော့ ဒီ Foldable တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အနည်းငယ်ပဲသိနိုင်ပါသေးတယ်။ ဒါကြောင့် တိကျခိုင်မာတဲ့နေရာတွေကနေ ပိုပြည့်စုံတဲ့အချက်အလက်တွေထွက်ပေါ်လာချိန်ကို ဆက်ပြီးစောင့်ဆိုင်းကြရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina